Uncategorized

မြန်မာပြည်ရဲ့သဘာဝအလှတရားတွေထဲမှာပျော်မွေ့နေတယ်ဆိုတဲ့ ဝတ်မှုန်ရွှေရည်

အကယ်ဒမီဆုကြီး(၂)ဆုရရှိထားသလို ထိပ်တန်းမင်းသမီးနေရာမှာ ရပ်တည်နေတဲ့ နာမည်ကျော်မင်းသမီးတစ်လက်ကတော့ ဝတ်မှုန်ရွှေရည်ပါ။ ရွှေကစ်လို့လည်း ချစ်စနိုးခေါ်ကြတဲ့ ဝတ်မှုန်ရွှေရည်ကတော့ ရုပ်ရှင်ဇာတ်ကားများစွာကို ရိုက်ကူးနေရတဲ့အပြင် ကြော်ငြာအမှတ်တံဆိပ်တော်တော်များများက သူနဲ့လက်တွဲတာဖြစ်ပါတယ်။

အသက်(၃၀) ကျော်လို့မထင်ရအောင်နုပျိုလှပမှုတွေကိုပိုင်ဆိုင်ထားတဲ့ ရွှေကစ်ကတော့ ဖက်ရှင်ပိုင်းဆိုင်ရာမှာ ခေတ်ရှေ့ပြေးတဲ့မင်းသမီးတစ်လက်ပါပဲ။ သူ့ရဲ့ပုံအသစ်တွေထွက်ရှိလာတိုင်း ချီးမွမ်းမှုတွေကို ရရှိနေတာလည်း ဖြစ်ပါတယ်။ အခုလည်း သဘာဝအလှတရားတွေနဲ့ပနံရစွာ လှပနေတဲ့သူ့ရဲ့ပုံရိပ်တွေကို မျှဝေရင်း ” မြန်မာပြည်ရဲ့သဘာဝအလှတရားတွေနဲ့ ပျော်မွေ့နေသူလေးပါ” ဆိုပြီးတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားထားတာပါ။

ဝတ်မှုန်ရွှေရည်ကတော့ မကြာသေးခင်ရက်ပိုင်းက ဘားအံမြို့ကို ရောက်ရှိနေခဲ့ပြီး ခရီးသွားပုံရိပ်လေးတွေကိုမျှဝေပေးခဲ့ပါသေးတယ်။ အခုလည်း သဘာဝအလှတရားတွေကြားမှာ လှပနေတဲ့ရွှေကစ်ကတော့ တကယ့်ကိုကြည့်မဝနိုင်အောင်ပါပဲနော်။

Leave a Reply

Your email address will not be published. Required fields are marked *