Uncategorized

ဘုရားမှာရွှေဆွဲကြိုးနှစ်ကုံးမြောက်လှူ ဒါန်းလိုက်ရတဲ့အတွက် ကြည်နူးပီတိဖြစ်နေတဲ့ အိမ့်ချစ်တို့ဇနီးမောင်နှံ

နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်သလို သီချင်းအေးအေးလေးတွေနဲ့ပရိသတ်အကြိုက်တွေ့စေသူထဲမှာတော့ အိမ့်ချစ်လည်း အပါအဝင်ပါ။ အိမ့်ချစ်ကတော့ မကြာသေးခင်ကလက်ထပ်ထားတာဖြစ်ပြီး ပရိသတ်ချစ်အတွက်လည်း အနုပညာဖန်တီးမှုတွေကို အဆက်မပြတ်ဖန်တီးနေသူတစ်ယောက်ပါ။ သိပ်မကြာသေးခင်ကပဲ “နှမြောတယ်” ဆိုတဲ့ သီချင်းလေးထွက်ရှိထားပါသေးတယ်။

အိမ့်ချစ်ကတော့ အလှူအတန်းတွေပြုလုပ်ဖို့ကိုလည်း မမေ့လျော့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အိမ့်ချစ်ကတော့ ဘုရားမှာ ရွှေဆွဲကြိုးနှစ်ကုံးမြောက်လှူဒါန်းလိုက်ရတဲ့အတွက် ကြည်နူးပီတိဖြစ်နေတဲ့အကြောင်းကို “ရွှေဆွဲကြိုးလေးထပ်တူ နှစ်ကုံးရှိပြီလှူခွင့်ရတာ” ဆိုပြီးတော့ သူ့ရဲ့ My Story မှာ ပုံလေးတွေနဲ့အတူ တင်ထားပါသေးတယ်။

အိမ့်ချစ်ကတော့သူ့ရဲ့လှုပ်ရှားမှုလေးတွေအကြောင်းကို ဖေ့ဘွတ်ခ်မှာမကြာခဏဆိုသလိုတင်လေ့ရှိတာဖြစ်ပြီး အခုလည်းပရိသတ်တွေချစ်တဲ့အနုပညာရှင်စုံတွဲတွေထဲမှာပါနေပြီလို့ဆိုရမှာပါ။ မကြာသေးခင်ကလက်ထပ်ထားတဲ့အိမ့်ချစ်တို့စုံတွဲကတော့အခုဆိုရင် ပျော်ရွှင်စရာအချိန်လေးတွေကိုဖန်တီးနေသလို ကောင်းမှုကုသိုလ်တွေအတူတူပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *