Uncategorized

ကိုယ္ သေဘာက် တဲ့ေကာင္ေလး ရဲ႕ပုံစံ ကို ပရိသတ္ ကိုမွ်ေဝလိုက္ တဲ့ ခင္သဇင္

ကိုယ္ သေဘာက် တဲ့ေကာင္ေလး ရဲ႕ပုံစံ ကို ပရိသတ္ ကိုမွ်ေဝလိုက္ တဲ့ ခင္သဇင္

႐ုပ္ ရွင္သ႐ုပ္ေဆာင္မင္းသမီးေခ်ာေလး ခင္သဇင္ကေတာ့ ေလယာဥ္မယ္တစ္ေယာက္ဘဝကေန အႏုပညာရွင္တစ္ေယာက္ဘဝကို ကူးေျပာင္းလာသူပါ။ ကိုယ္ပိုင္အရည္အခ်င္းအျပည့္နဲ႔ ႀကိဳးစားအားထုတ္မႈေတြေၾကာင့္ ပရိသတ္အသိမွတ္ျပဳတဲ့သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္လာသလို မၾကာေသးခင္က MRTV-4 မွာထုတ္လႊင့္ျပသခဲ့တဲ့ အခ်စ္ဖြဲ႕ေလညႇင္း ဇာတ္လမ္းတြဲမွာလည္း မိုးကလ်ာ ဇာတ္႐ုပ္နဲ႔ ပရိသတ္အားေပးမႈအခိုင္အမာရရွိ ခဲ့ပါေသးတယ္။

အခ်စ္ေရးနဲ႔ပတ္သက္ၿပီး ဘာမွမထူးေသးတဲ့ခင္သဇင္ကေတာ့ ဒီေန႔မွာ သူသတ္မွတ္ထားတဲ့ အနာဂတ္ခင္ပြန္းေလာင္းတစ္ေယာက္မွာ ရွိရမယ့္အခ်က္ေတြကို မွ်ေဝခဲ့ပါတယ္။ ” ကိုယ္ႀကိဳက္တဲ့ အဆင္ဆိုတာ ရွိၿပီးသား… ေယာက်္ားေလးဆို အေမႊးအမွ်င္ပါမွ – ဥပမာ_ ပါးသိုင္းေမႊး.. ေျခလက္ အေၾကာဆို ေထာင္ေနမွ ..အသားဆို ျဖဴဥထြဋ္ေနရင္ ႏိုးပဲ… ညိဳစိမ့္စိမ့္မွ ရင္ခုန္မိ ..တခ်ိန္လုံး ရယ္ေနရင္ မေႂကြဘူး … တည္ေနရင္လည္း မႀကိဳက္ဘူး… ခ်ိဳျမျမ ေလးၿပဳံးတတ္မွ ဒဲ့ေႂကြ…ဆင္းရဲေနလည္း အဆင္မေျပဘူး … ခ်မ္းသာေနလည္း အ ျမင္ကတ္တယ္…. မရွိမရွား ႐ိုးသား ႀကိဳးစားေလး ok တယ္…အရပ္မရွည္ခ်င္ေန.. အေကာင္ေသးရင္ေတာ့ မဖြာဘူးကြယ္…

Six pack ေလာက္ေတာ့ မ ေမွ်ာ္မွန္းေပမယ့္ .. ဗိုက္ပူရင္ေတာ့ မရဘူး… Ro တတ္ရင္လည္း ရယ္ခ်င္လို႔…. သာမန္ေလးဆို အဆင္ေျပတယ္…ရွက္တတ္ေနရင္ စိတ္မရွည္သလို … လက္ရဲ ဇာတ္ရဲဆိုလည္း ေဝးေဝးေရွာင္တယ္…အေမခ်စ္သားဆို ေၾကာက္လြန္းလို႔ … အေမအေပၚေတာင္ မသိတတ္ျပန္လည္း အထင္မႀကီးဘူး..ပညာ မတတ္ရင္ မေလးစားႏိုင္ေပမယ့္… တတ္လြန္းၿပီး ေဟာင္ဖြာေနလည္း အထင္မႀကီးဘူး …အမေလး… ေတာ္ေသးပီ… ေမာသြားၿပီ …ဒီပုံတိုင္းဆို မတ္မတ္ခင္ တစ္ေယာက္ေတာ့ အပ်ိဳႀကီး ျဖစ္သြားပါမယ္ လာေျပာတဲ့သူ ဘေလာ့ပါမယ္ေနာ္” ဆိုၿပီး ေရးသားကာမွ်ေဝခဲ့ပါတယ္။

မိန္းကေလးတိုင္း ေယာက်္ားေလးတိုင္းကေတာ့ ကိုယ့္ရဲ႕အနာဂတ္ခင္ပြန္းေလာင္း၊ ဇနီးေလာင္းျဖစ္လာမယ့္သူေတြအေပၚမွာ ဒီလိုျဖစ္မွ၊ ဟိုလိုျဖစ္မွဆိုတဲ့ စံႏႈန္းထားသတ္မွတ္ခ်က္ေတြကေတာ့ ရွိစၿမဲပါ။ အရာရာၿပီးျပည္စုံတယ္လို႔ ထင္ရတဲ့သူေတြကလည္း ကိုယ့္စံႏႈန္းနဲ႔ မကိုက္ညီေနရင္ အဆင္ေျပမွာမဟုတ္ပါဘူးေနာ္။ ခင္သဇင္ကေတာ့ သူလိုခ်င္တဲ့ခ်စ္သူ ခင္ပြန္းေလာင္းတစ္ေယာက္မွာရွိရမယ့္ သူသတ္မွတ္ထားတဲ့အခ်က္ေတြကို မွ်ေဝခဲ့တာပဲျဖစ္ပါတယ္။ ဆယ္လီကမာၻပရိသတ္ႀကီးမွာေရာ ကိုယ့္အနာဂတ္ၾကင္ေဖာ္နဲ႔ပတ္သက္ၿပီး သတ္မွတ္ထားတဲ့ စံႏႈန္းေတြရွိလား မွတ္ခ်က္ေပးခဲ့ပါဦးေနာ္။

ကိုယ် သဘောကျ တဲ့ကောင်လေး ရဲ့ပုံစံ ကို ပရိသတ် ကိုမျှဝေလိုက် တဲ့ ခင်သဇင်

ရုပ် ရှင်သရုပ်ဆောင်မင်းသမီးချောလေး ခင်သဇင်ကတော့ လေယာဉ်မယ်တစ်ယောက်ဘဝကနေ အနုပညာရှင်တစ်ယောက်ဘဝကို ကူးပြောင်းလာသူပါ။ ကိုယ်ပိုင်အရည်အချင်းအပြည့်နဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ပရိသတ်အသိမှတ်ပြုတဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်လာသလို မကြာသေးခင်က MRTV-4 မှာထုတ်လွှင့်ပြသခဲ့တဲ့ အချစ်ဖွဲ့လေညှင်း ဇာတ်လမ်းတွဲမှာလည်း မိုးကလျာ ဇာတ်ရုပ်နဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိ ခဲ့ပါသေးတယ်။

အချစ်ရေးနဲ့ပတ်သက်ပြီး ဘာမှမထူးသေးတဲ့ခင်သဇင်ကတော့ ဒီနေ့မှာ သူသတ်မှတ်ထားတဲ့ အနာဂတ်ခင်ပွန်းလောင်းတစ်ယောက်မှာ ရှိရမယ့်အချက်တွေကို မျှဝေခဲ့ပါတယ်။ ” ကိုယ်ကြိုက်တဲ့ အဆင်ဆိုတာ ရှိပြီးသား… ယောကျ်ားလေးဆို အမွှေးအမျှင်ပါမှ – ဥပမာ_ ပါးသိုင်းမွှေး.. ခြေလက် အကြောဆို ထောင်နေမှ ..အသားဆို ဖြူဥထွဋ်နေရင် နိုးပဲ… ညိုစိမ့်စိမ့်မှ ရင်ခုန်မိ ..တချိန်လုံး ရယ်နေရင် မကြွေဘူး … တည်နေရင်လည်း မကြိုက်ဘူး… ချိုမြမြ လေးပြုံးတတ်မှ ဒဲ့ကြွေ…ဆင်းရဲနေလည်း အဆင်မပြေဘူး … ချမ်းသာနေလည်း အ မြင်ကတ်တယ်…. မရှိမရှား ရိုးသား ကြိုးစားလေး ok တယ်…အရပ်မရှည်ချင်နေ.. အကောင်သေးရင်တော့ မဖွာဘူးကွယ်…

Six pack လောက်တော့ မ မျှော်မှန်းပေမယ့် .. ဗိုက်ပူရင်တော့ မရဘူး… Ro တတ်ရင်လည်း ရယ်ချင်လို့…. သာမန်လေးဆို အဆင်ပြေတယ်…ရှက်တတ်နေရင် စိတ်မရှည်သလို … လက်ရဲ ဇာတ်ရဲဆိုလည်း ဝေးဝေးရှောင်တယ်…အမေချစ်သားဆို ကြောက်လွန်းလို့ … အမေအပေါ်တောင် မသိတတ်ပြန်လည်း အထင်မကြီးဘူး..ပညာ မတတ်ရင် မလေးစားနိုင်ပေမယ့်… တတ်လွန်းပြီး ဟောင်ဖွာနေလည်း အထင်မကြီးဘူး …အမလေး… တော်သေးပီ… မောသွားပြီ …ဒီပုံတိုင်းဆို မတ်မတ်ခင် တစ်ယောက်တော့ အပျိုကြီး ဖြစ်သွားပါမယ် လာပြောတဲ့သူ ဘလော့ပါမယ်နော်” ဆိုပြီး ရေးသားကာမျှဝေခဲ့ပါတယ်။

မိန်းကလေးတိုင်း ယောကျ်ားလေးတိုင်းကတော့ ကိုယ့်ရဲ့အနာဂတ်ခင်ပွန်းလောင်း၊ ဇနီးလောင်းဖြစ်လာမယ့်သူတွေအပေါ်မှာ ဒီလိုဖြစ်မှ၊ ဟိုလိုဖြစ်မှဆိုတဲ့ စံနှုန်းထားသတ်မှတ်ချက်တွေကတော့ ရှိစမြဲပါ။ အရာရာပြီးပြည်စုံတယ်လို့ ထင်ရတဲ့သူတွေကလည်း ကိုယ့်စံနှုန်းနဲ့ မကိုက်ညီနေရင် အဆင်ပြေမှာမဟုတ်ပါဘူးနော်။ ခင်သဇင်ကတော့ သူလိုချင်တဲ့ချစ်သူ ခင်ပွန်းလောင်းတစ်ယောက်မှာရှိရမယ့် သူသတ်မှတ်ထားတဲ့အချက်တွေကို မျှဝေခဲ့တာပဲဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးမှာရော ကိုယ့်အနာဂတ်ကြင်ဖော်နဲ့ပတ်သက်ပြီး သတ်မှတ်ထားတဲ့ စံနှုန်းတွေရှိလား မှတ်ချက်ပေးခဲ့ပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *