Uncategorized






Happy – Cele Zone

မြင်သူ တိုင်း အားကျသွားရလောက်အောင် ကို Ro နေကြတဲ့ ကျော်ထက်အော င် နဲ့ ဖြူဖြူကျော်သိန်း

ဖြူဖြူ့ရဲ့သီ ချင်းအသစ်လေးဖြစ်တဲ့ ” သဝန်တိုတာအရမ်းချစ်လို့ ” ဆိုတဲ့ သီချင်း မှာ ကျော်ထက်အောင်နဲ့အတူ တွဲဖက်သရုပ်ဆောင်ထားပြီး နှစ်ယောက် သားရဲ့ ရိုက်ကွင်းပေါ်က ရိုဆန်ဆန်ပုံရိပ်လေးတွေကို ဖြူဖြူက သူမရဲ့လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။ တကယ့်ချစ်သူ တွေလို ကြည်နူးနေကြတဲ့ပုံက အားကျစရာပါပဲ။ သီချင်းဆိုကောင်းရုံတင် မဟုတ်ဘဲ သရုပ်ဆောင် ပါကောင်းလွန်းတဲ့ မဖြူကတော့ တကယ့်ကို ဘက်စုံကျွမ်းကျင်သူပါပဲနော်။

ကျော်ထက်အောင်ကလည်း ဟန်ပန်အမူအရာ သရုပ်ဆောင် တွေက မဖြူနဲ့ တကယ့်ချစ်သူတွေ အလား ဟန်ပါပါသရုပ်ဆောင်နေတာမို့ နှစ်ယောက်လုံး ဟာ သဏ္ဍာန်လုပ် သရုပ်တူခဲ့ပါတယ်။ ပျော်ပျော်ရွှင်ရွှင်ပြုံးနေတဲ့ ပုံရိပ်လေးတွေဟာ ပရိသတ်တွေကိုလည်း အကြိုက်တွေ့စေသလို သူမ ရဲ့သီချင်း အသစ်လေးကို လည်း ပိုပြီးမျှော်လင့်မိစေခဲ့ပါတယ်။ ဒီသီချင်းလေးကို တေးရေး/ တေးဆို ကော်ဘရာက ရေးဖွဲ့ပေးထားတာပါ။

သူမတို့နှစ်ယောက်ရဲ့ ပုံရိပ်တွေကို ” ချစ်တဲ့စိတ်ကြောင့် မှားတဲ့အပြစ်တစ်ခုသာ ဝေးသွားလောက်အောင်မထိုက်တန်ဘူးအချစ်ရာ အလံဖြူထောင်ကာ ငါအရှုံးပေးလိုက်လို့ မင်းဘက်ကနေစိတ်ကြေအေးလိုက်ပါ နင်…နင်မထားခဲ့နဲ့ မင်း..မင်းမထားခဲ့နဲ့ ” ဆိုပြီး သူမရဲ့ သီချင်းစာသားလေးတွေ နဲ့အတူ ဝေမျှခဲ့ပါတယ်။

Happy – Cele Zone
Photo – Phyu Phyu Kyaw Thein

Leave a Reply

Your email address will not be published. Required fields are marked *