Uncategorized

ကိုဗစ်လူနာအမှတ် (၃၁၁) စီးခဲ့သည့် YBS-90 နှင့် ဆိုင်ကယ် ကယ်ရီသမား ပျောက်ဆုံးနေ

ကိုဗစ္လူနာအမွတ္ (၃၁၁) သည္ လာအိုမွ တရားမဝင္ ျပန္လာၿပီး ရန္ကုန္တြင္ YBS-90 စီးကာ ဆိုင္ကယ္ကယ္ရီျဖင့္ ႐ြာသို႔ ျပန္ခဲ့၊ YBS-90 ကားႏွင့္ ဆိုင္ကယ္ရီသမား ရွာမေတြ႕…

ရန္ကုန္တိုင္း၊ တိုက္ႀကီးၿမိဳ႕နယ္ ေရတြင္းျဖဴအုပ္စုေက်း႐ြာတြင္ ေနထိုင္ေသာ အသက္ ၄၃ ႏွစ္အ႐ြယ္ အမ်ိဳးသား

လူနာအမွတ္-၃၁၁ သည္ လာအိုႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ တရားမဝင္ ျပန္လည္ဝင္ေရာက္လာသူျဖစ္ကာ

YBS ၉ဝ ျဖင့္ ႐ြာသို႔ျပန္လာျခင္းျဖစ္ေၾကာင္း သိရသည္။

ကိုဗစ္လူနာအမွတ္-၃၁၁ သည္ အသက္ ၄၃ ႏွစ္အ႐ြယ္အမ်ိဳးသားျဖစ္ၿပီး လာအိုႏိုင္ငံမွ ျပန္လည္ေရာက္ရွိလာသူျဖစ္ကာ

ဇူလိုင္လ ၄ ရက္ေန႔က ကိုဗစ္ေရာဂါ ကူးစက္ခံထားရေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ျခင္းျဖစ္သည္။

“သူဘယ္တုန္းကလာတယ္ဆိုတာ ရက္ကေတာ့ မသိဘူး။ သူဝင္လာတဲ့ရက္က ကြၽန္ေတာ္တို႔ ရန္ကုန္မွာ

ပါတီလုပ္ငန္းေတြ လုပ္ေနေတာ့ ရက္ေတာ့ ကြၽန္ေတာ္မသိဘူး။ ေမးၾကည့္မွပဲသိေတာ့မယ္။

သူ YBS ၉ဝ ကိုစီးၿပီးေတာ့ ႐ြာသာဆိုတဲ့ ေက်း႐ြာမွာဆင္းတယ္။ ဆင္းၿပီးေတာ့ ဆိုင္ကယ္ရီနဲ႔ သူ႔႐ြာကိုသြားတယ္။

သြားေတာ့ သူ႔႐ြာကသိေတာ့ လက္မခံေတာ့ အုပ္ခ်ဳပ္ေရးမႉးတို႔ ဘာတို႔ကေန အဲဒီကေန

ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးကို အေၾကာင္းၾကားၿပီးေတာ့ Quarantine Center ကိုျပန္ပို႔လိုက္တယ္။

အဲဒီေတာ့ သူနဲ႔ဆက္သြယ္တဲ့ ကိစၥကေတာ့ အဲဒီမွာ ျပန္ပို႔တဲ့ ရာအိမ္မႉးတို႔ အုပ္ခ်ဳပ္ေရးမႉးတို႔ ကားသမားတို႔ကိုေတာ့

ျပန္ပို႔တဲ့ကားသမားကိုေတာ့ Quarantine ဝင္ခိုင္းထားတယ္။ ကယ္ရီသမားေတာ့ ေပ်ာက္ေနတယ္။ သူကလည္းႏိုင္ငံျခားမွာ

ဘယ္ေလာက္ၾကာလို႔လဲမသိဘူး။ ကယ္ရီသမားကို သူမသိဘူးေပါ့။ YBS ၉ဝ ပဲသိတယ္။ ကားနံပါတ္မသိဘူး။ အဲလိုျဖစ္ေနတယ္။

သူနဲ႔ထိေတြ႕သူကေတာ့ ကားေပၚပါတဲ့ သူရယ္။ ဆိုင္ကယ္သမားရယ္ ဒီေလာက္ပဲေပါ့။ အဲဒီထိေတြ႕သူေတြကေန

ဆက္စပ္သြားႏိုင္တာေပါ့။ စိုးရိမ္ရတဲ့အဆင့္မွာရွိပါတယ္။ ဆိုင္ကယ္ကယ္ရီသမားက သူ႔ဆီကမ်ားကူးတယ္ဆိုရင္

သူကမိသားစုနဲ႔ေနမယ္။ သူေလွ်ာက္သြားေနမယ္။ သူကဘယ္သူမွန္းလည္းမသိဘူး။ အဲတာမ်ိဳးေတြရွိတာေပါ့” ဟု ၎ကေျပာဆိုသည္။

ကိုဗစ္လူနာ စီးနင္းခဲ့ေသာ YBS ၉ဝ ကားႏွင့္ ဆိုင္ကယ္ ကယ္ရီသမားကို စုံစမ္းေနေသာ္လည္း လက္ရွိအခ်ိန္အထိ

အေၾကာင္းအရင္းတစ္စုံတစ္ရာမသိရွိရေသးေၾကာင္း ဦးတင္ရွိန္က ဆက္လက္ေျပာဆိုသည္။

“ရန္ကုန္ကိုဝင္လာတာေတာ့ ကြၽန္ေတာ္တို႔လည္းမသိဘူး။ တိုက္ႀကီးကိုေတာ့ ေအာက္လမ္း(တရားမဝင္) ကေန ေရာက္ခ်လာတာလို႔ေျပာတယ္။

ကြၽန္ေတာ္တို႔ ႐ြာေရာက္ခါနီးမွ သူ႔ကို Quarantine ပို႔လိုက္တာ ဘယ္လိုမ်ိဳးဝင္လာလဲေတာ့ မသိဘူး။

ကြၽန္ေတာ္တို႔ ႐ြာေရာက္မွသိတာေလ။ သူ႔ကိုေမးမွပဲ သိမယ္။ ကြၽန္ေတာ္တို႔သူ႔ကို Quarantine သြင္းလိုက္တဲ့အခါက်ေတာ့

စစ္ေဆးလို႔မရေတာ့ဘူးေလ။ သက္ဆိုင္ရာ က်န္းမာေရးဌာနကပဲ စစ္လို႔ရမွာေပါ့။ သူက Quarantine

ထဲမွာကို အဲတာေတြက က်န္းမာေရးကိုေမးမွပဲသိမွာဗ်” ဟု တိုက္ႀကီးၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးေအာင္ေက်ာ္စိုးကေျပာဆိုသည္။

လက္ရွိအခ်ိန္တြင္ ကိုဗစ္လူနာအမွတ္-၃၁၁ ကို ေတာင္ဥကၠလာပအထူးကုေဆး႐ုံႀကီးတြင္

ထားရွိထားေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ သတင္းထုတ္ျပန္ခ်က္အရသိရသည္။

Unicode

ကိုဗစ်လူနာအမှတ် (၃၁၁) သည် လာအိုမှ တရားမဝင် ပြန်လာပြီး ရန်ကုန်တွင် YBS-90 စီးကာ ဆိုင်ကယ်ကယ်ရီဖြင့် ရွာသို့ ပြန်ခဲ့၊ YBS-90 ကားနှင့် ဆိုင်ကယ်ရီသမား ရှာမတွေ့…

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် ရေတွင်းဖြူအုပ်စုကျေးရွာတွင် နေထိုင်သော အသက် ၄၃ နှစ်အရွယ် အမျိုးသား

လူနာအမှတ်-၃၁၁ သည် လာအိုနိုင်ငံမှ မြန်မာနိုင်ငံသို့ တရားမဝင် ပြန်လည်ဝင်ရောက်လာသူဖြစ်ကာ

YBS ၉ဝ ဖြင့် ရွာသို့ပြန်လာခြင်းဖြစ်ကြောင်း သိရသည်။

ကိုဗစ်လူနာအမှတ်-၃၁၁ သည် အသက် ၄၃ နှစ်အရွယ်အမျိုးသားဖြစ်ပြီး လာအိုနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူဖြစ်ကာ

ဇူလိုင်လ ၄ ရက်နေ့က ကိုဗစ်ရောဂါ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

“သူဘယ်တုန်းကလာတယ်ဆိုတာ ရက်ကတော့ မသိဘူး။ သူဝင်လာတဲ့ရက်က ကျွန်တော်တို့ ရန်ကုန်မှာ

ပါတီလုပ်ငန်းတွေ လုပ်နေတော့ ရက်တော့ ကျွန်တော်မသိဘူး။ မေးကြည့်မှပဲသိတော့မယ်။

သူ YBS ၉ဝ ကိုစီးပြီးတော့ ရွာသာဆိုတဲ့ ကျေးရွာမှာဆင်းတယ်။ ဆင်းပြီးတော့ ဆိုင်ကယ်ရီနဲ့ သူ့ရွာကိုသွားတယ်။

သွားတော့ သူ့ရွာကသိတော့ လက်မခံတော့ အုပ်ချုပ်ရေးမှူးတို့ ဘာတို့ကနေ အဲဒီကနေ

မြို့နယ်အုပ်ချုပ်ရေးမှူးကို အကြောင်းကြားပြီးတော့ Quarantine Center ကိုပြန်ပို့လိုက်တယ်။

အဲဒီတော့ သူနဲ့ဆက်သွယ်တဲ့ ကိစ္စကတော့ အဲဒီမှာ ပြန်ပို့တဲ့ ရာအိမ်မှူးတို့ အုပ်ချုပ်ရေးမှူးတို့ ကားသမားတို့ကိုတော့

ပြန်ပို့တဲ့ကားသမားကိုတော့ Quarantine ဝင်ခိုင်းထားတယ်။ ကယ်ရီသမားတော့ ပျောက်နေတယ်။ သူကလည်းနိုင်ငံခြားမှာ

ဘယ်လောက်ကြာလို့လဲမသိဘူး။ ကယ်ရီသမားကို သူမသိဘူးပေါ့။ YBS ၉ဝ ပဲသိတယ်။ ကားနံပါတ်မသိဘူး။ အဲလိုဖြစ်နေတယ်။

သူနဲ့ထိတွေ့သူကတော့ ကားပေါ်ပါတဲ့ သူရယ်။ ဆိုင်ကယ်သမားရယ် ဒီလောက်ပဲပေါ့။ အဲဒီထိတွေ့သူတွေကနေ

ဆက်စပ်သွားနိုင်တာပေါ့။ စိုးရိမ်ရတဲ့အဆင့်မှာရှိပါတယ်။ ဆိုင်ကယ်ကယ်ရီသမားက သူ့ဆီကများကူးတယ်ဆိုရင်

သူကမိသားစုနဲ့နေမယ်။ သူလျှောက်သွားနေမယ်။ သူကဘယ်သူမှန်းလည်းမသိဘူး။ အဲတာမျိုးတွေရှိတာပေါ့” ဟု ၎င်းကပြောဆိုသည်။

ကိုဗစ်လူနာ စီးနင်းခဲ့သော YBS ၉ဝ ကားနှင့် ဆိုင်ကယ် ကယ်ရီသမားကို စုံစမ်းနေသော်လည်း လက်ရှိအချိန်အထိ

အကြောင်းအရင်းတစ်စုံတစ်ရာမသိရှိရသေးကြောင်း ဦးတင်ရှိန်က ဆက်လက်ပြောဆိုသည်။

“ရန်ကုန်ကိုဝင်လာတာတော့ ကျွန်တော်တို့လည်းမသိဘူး။ တိုက်ကြီးကိုတော့ အောက်လမ်း(တရားမဝင်) ကနေ ရောက်ချလာတာလို့ပြောတယ်။

ကျွန်တော်တို့ ရွာရောက်ခါနီးမှ သူ့ကို Quarantine ပို့လိုက်တာ ဘယ်လိုမျိုးဝင်လာလဲတော့ မသိဘူး။

ကျွန်တော်တို့ ရွာရောက်မှသိတာလေ။ သူ့ကိုမေးမှပဲ သိမယ်။ ကျွန်တော်တို့သူ့ကို Quarantine သွင်းလိုက်တဲ့အခါကျတော့

စစ်ဆေးလို့မရတော့ဘူးလေ။ သက်ဆိုင်ရာ ကျန်းမာရေးဌာနကပဲ စစ်လို့ရမှာပေါ့။ သူက Quarantine

ထဲမှာကို အဲတာတွေက ကျန်းမာရေးကိုမေးမှပဲသိမှာဗျ” ဟု တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးကပြောဆိုသည်။

လက်ရှိအချိန်တွင် ကိုဗစ်လူနာအမှတ်-၃၁၁ ကို တောင်ဥက္ကလာပအထူးကုဆေးရုံကြီးတွင်

ထားရှိထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *