Uncategorized

ရခိုင္ အစိုးရ အဖြဲ႕ ႐ုံးဝန္ ထမ္းတဦးတြင္ ပိုးေတြ႕၍ ဝန္ႀကီးခ်ဳပ္ႏွ င့္ ဝန္ႀကီးအခ်ိဳ႕ Q ဝင္ ရမည္

ရခိုင္ အစိုးရ အဖြဲ႕ ႐ုံးဝန္ ထမ္းတဦးတြင္ ပိုးေတြ႕၍ ဝန္ႀကီးခ်ဳပ္ႏွ င့္ ဝန္ႀကီးအခ်ိဳ႕ Q ဝင္ ရမည္

ရ ခိုင္ျပည္နယ္အစိုးရ အဖြဲ႕ ႐ုံးက ဝန္ထမ္းတစ္ဦး ကိုဗစ္ ကူးစက္ခံရၿပီးေနာက္ ထိေတြ႕ ဆက္စပ္မိနိုင္ေျခရွိသူ ျပည္နယ္ဝန္ႀကီးခ်ဳပ္ နဲ႔ဝန္ႀကီးတစ္ဦး ကို ဓာတ္ခြဲနမူနာ ရယူထားတယ္လို႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္ရဲ့ ကိုယ္ေရးအရာရွိ ဆီက သိရပါတယ္။ ရလဒ္ကိုေတာ့ မနက္ျဖန္မွာသိရမယ္လို႔ ဆိုပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနရဲ့ ဒီကေန႔မနက္ပိုင္းက ထုတ္ျပန္ခ်က္အရ စစ္ေတြၿမိဳ႕မွာ ကိုဗစ္လူနာ ႏွစ္ဦးထပ္မံေတြ႕ရွိၿပီး တစ္ဦးဟာ အစိုးရအဖြဲ႕႐ုံးက ဝန္ထမ္းျဖစ္တယ္လို႔ ရခိုင္ကိုဗစ္ေစာင့္ၾကည့္ေရးအဖြဲ႕က ေဖာ္ျပထားပါတယ္။ ဒါေၾကာင့္ ထိေတြ႕ဆက္စပ္မိနိုင္ေျခရွိသူ ဝန္ႀကီးခ်ဳပ္နဲ႔ ဝန္ႀကီးတို႔အပါအဝင္ အစိုးရအဖြဲ႕႐ုံးက ဝန္ထမ္းအခ်ိဳ႕ကို Quarantine ထားရွိသြားဖို႔ရွိတယ္လို႔ သိရပါတယ္။

ဒါ့အျပင္ စစ္ေတြၿမိဳ႕က ရပ္ကြက္နဲ႔ လမ္းအခ်ိဳ႕ကို ေလာ့ေဒါင္း ခ်ၿပီး လမ္းပိတ္ထားရွိလိုက္တယ္လို႔လည္း ရခိုင္ကိုဗစ္ေစာင့္ၾကည့္ေရးအဖြဲ႕ရဲ့ ထုတ္ျပန္ခ်က္မွာပါရွိပါတယ္။

ျပည္တြင္း မွာ ကူးစက္ခံရသူ မရွိေတာ့တဲ့ တစ္လတာကာလအၾကာမွာ စစ္ေတြက ဘဏ္ဝန္ထမ္းတစ္ဦးမွာ ေရာဂါပိုး ျပန္ေတြ႕ခဲ့ရတာပါ။ လက္ရွိအခ်ိန္ထိေတာ့ စစ္ေတြမွာ ကူးစက္ခံရသူ အတည္ျပဳလူနာ ေျခာက္ဦးထိရွိေနပါတယ္။

ရခိုင် အစိုးရ အဖွဲ့ ရုံးဝန် ထမ်းတဦးတွင် ပိုးတွေ့၍ ဝန်ကြီးချုပ်နှ င့် ဝန်ကြီးအချို့ Q ဝင် ရမည်

ရ ခိုင်ပြည်နယ်အစိုးရ အဖွဲ့ ရုံးက ဝန်ထမ်းတစ်ဦး ကိုဗစ် ကူးစက်ခံရပြီးနောက် ထိတွေ့ ဆက်စပ်မိနိုင်ခြေရှိသူ ပြည်နယ်ဝန်ကြီးချုပ် နဲ့ဝန်ကြီးတစ်ဦး ကို ဓာတ်ခွဲနမူနာ ရယူထားတယ်လို့ ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိ ဆီက သိရပါတယ်။ ရလဒ်ကိုတော့ မနက်ဖြန်မှာသိရမယ်လို့ ဆိုပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မနက်ပိုင်းက ထုတ်ပြန်ချက်အရ စစ်တွေမြို့မှာ ကိုဗစ်လူနာ နှစ်ဦးထပ်မံတွေ့ရှိပြီး တစ်ဦးဟာ အစိုးရအဖွဲ့ရုံးက ဝန်ထမ်းဖြစ်တယ်လို့ ရခိုင်ကိုဗစ်စောင့်ကြည့်ရေးအဖွဲ့က ဖော်ပြထားပါတယ်။ ဒါကြောင့် ထိတွေ့ဆက်စပ်မိနိုင်ခြေရှိသူ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတို့အပါအဝင် အစိုးရအဖွဲ့ရုံးက ဝန်ထမ်းအချို့ကို Quarantine ထားရှိသွားဖို့ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်တွေမြို့က ရပ်ကွက်နဲ့ လမ်းအချို့ကို လော့ဒေါင်း ချပြီး လမ်းပိတ်ထားရှိလိုက်တယ်လို့လည်း ရခိုင်ကိုဗစ်စောင့်ကြည့်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ပြည်တွင်း မှာ ကူးစက်ခံရသူ မရှိတော့တဲ့ တစ်လတာကာလအကြာမှာ စစ်တွေက ဘဏ်ဝန်ထမ်းတစ်ဦးမှာ ရောဂါပိုး ပြန်တွေ့ခဲ့ရတာပါ။ လက်ရှိအချိန်ထိတော့ စစ်တွေမှာ ကူးစက်ခံရသူ အတည်ပြုလူနာ ခြောက်ဦးထိရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *