Uncategorized

ယေန ႔မနက္ ပိုးေတြ႕လူနာ ၁၀ ဦး တြင္ ဘဏ္ဝန္ထမ္းမ်ား၏ မိသားစု ဝင္ ၉ ဦးပါဝင္

ယေန ႔မနက္ ပိုးေတြ႕လူနာ ၁၀ ဦး တြင္ ဘဏ္ဝန္ထမ္းမ်ား၏ မိသားစု ဝင္ ၉ ဦးပါဝင္

ဘဏ္ ဝန္ထမ္းမ်ားတြင္ေတာ့ ကိုဗစ္၁၉ေရာဂါပိုး မေတြရွိရပါဘူး။ ယေန႔မနက္က က်န္းမာေရးဝန္ႀကီးဌာရဲ႕ ထုတ္ျပန္ခ်က္အရ ကိုဗစ္၁၉ ပိုးေတြ႕လူနာ ဆယ္ဦးရွိခဲ့ၿပီး စစ္ေတြၿမိဳ႕မွ ကိုးဦး ႏွင့္ ေျမာက္ဦးၿမိဳ႕မွ တစ္ဦးျဖစ္ေၾကာင္း သိရပါတယ္။ ယေန႔မနက္ ထပ္မံေတြ႕ရွိတဲ့ ကိုဗစ္ ၁၉ ပိုးေတြ႕လူနာ ၁၀ ဦးတြင္ အတည္ျပဳလူနာအမွတ္ ၃၇၅ ဘဏ္ဝန္ထမ္းနဲ႔ ဆက္စပ္တဲ့ ဘဏ္ဝန္ထမ္းေလးဦးရဲ႕မိသားစုဝင္္ ကိုးဦးပါဝင္တယ္လို႔ ဆိုပါတယ္။

“ ဘဏ္ ဝန္ထမ္းနဲ႔ဆက္စပ္တာ ဟုတ္တယ္ ။ ရဲႏြယ္စုရပ္ကြက္က တစ္ဦး ၊ မက်ည္းၿမိဳင္ရပ္ကြက္က ငါးဦး ၊ မင္းဘာႀကီးလမ္းက တစ္ဦး ၊ ကမ္းနားလမ္း ေငြနဒီတိုက္ခန္းက ႏွစ္ဦးစုစုေပါင္းကိုးေယာက္။ ေျမာက္ဦးကတစ္ေယာက္ကေတာ့ သပ္သပ္ေပါ့ သူက ေျမာက္ဦးေဆး႐ုံက ” လို႔ စစ္ေတြၿမိဳ႕နယ္ ၊ ျပည္သူ႔က်န္းမာေရးဦးစီးဌာန လက္ေထာက္ၫႊန္ၾကားေရးမႉး ေဒါက္တာစိုးဝင္းပိုင္က ေျပာပါတယ္။

ရခိုင္ျပည္နယ္ ၊ စစ္ေတြၿမိဳ႕တြင္ ၾသဂုတ္လ ၁၆ရက္ေန႔က အတည္ျပဳလူနာအမွတ္ ၃၇၅ ကိုေတြ႕ရွိခဲ့ၿပီးေနာက္ သူနဲ႔ဆက္စပ္တဲ့ ပတ္ဝန္းက်င္က လူ ၉ ဦး ၊ ဘဏ္ဝန္ထမ္း ၂၉ ဦး ႏွင့္ မိသားစုဝင္ေတြကို ေစာင့္ၾကည့္မႈ လုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။ အတည္ျပဳလူနာအမွတ္ ၃၇၅ ႏွင့္ဆက္စပ္သည့္ ဘဏ္ဝန္ထမ္းမ်ားတြင္ ကိုဗစ္၁၉ေရာဂါပိုး မေတြ႕ရွိရဘဲ ယင္းဝန္ထမ္းမ်ားရဲ႕ မိသားစုဝင္မ်ားတြင္သာ secondary contact အေနနဲ႔ စုစုေပါင္း ၁၁ ဦးေတြ႕ရွိိထားပါတယ္။

တစ္လၾကာ ျပည္တြင္းကူးစက္မႈ မရွိေတာ့တဲ့ ရခိုင္ျပည္နယ္မွာ ၾသဂုတ္လ ၁၆ ရက္ေန႔ကမွစၿပီး ျပည္တြင္းကူးစက္လူနာမ်ား ေတြ႕ရွိခဲ့ရာ ယေန႔ (ၾသဂုတ္လ ၂၁ ရက္) မနက္အထိ စုစုေပါင္း ၁၉ ဦး ေတြ႕ရွိိိထားၿပီ ျဖစ္ပါတယ္။

ဓူဝံ

ယနေ ့မနက် ပိုးတွေ့လူနာ ၁၀ ဦး တွင် ဘဏ်ဝန်ထမ်းများ၏ မိသားစု ဝင် ၉ ဦးပါဝင်

ဘဏ် ဝန်ထမ်းများတွင်တော့ ကိုဗစ်၁၉ရောဂါပိုး မတွေရှိရပါဘူး။ ယနေ့မနက်က ကျန်းမာရေးဝန်ကြီးဌာရဲ့ ထုတ်ပြန်ချက်အရ ကိုဗစ်၁၉ ပိုးတွေ့လူနာ ဆယ်ဦးရှိခဲ့ပြီး စစ်တွေမြို့မှ ကိုးဦး နှင့် မြောက်ဦးမြို့မှ တစ်ဦးဖြစ်ကြောင်း သိရပါတယ်။ ယနေ့မနက် ထပ်မံတွေ့ရှိတဲ့ ကိုဗစ် ၁၉ ပိုးတွေ့လူနာ ၁၀ ဦးတွင် အတည်ပြုလူနာအမှတ် ၃၇၅ ဘဏ်ဝန်ထမ်းနဲ့ ဆက်စပ်တဲ့ ဘဏ်ဝန်ထမ်းလေးဦးရဲ့မိသားစုဝင်် ကိုးဦးပါဝင်တယ်လို့ ဆိုပါတယ်။

“ ဘဏ် ဝန်ထမ်းနဲ့ဆက်စပ်တာ ဟုတ်တယ် ။ ရဲနွယ်စုရပ်ကွက်က တစ်ဦး ၊ မကျည်းမြိုင်ရပ်ကွက်က ငါးဦး ၊ မင်းဘာကြီးလမ်းက တစ်ဦး ၊ ကမ်းနားလမ်း ငွေနဒီတိုက်ခန်းက နှစ်ဦးစုစုပေါင်းကိုးယောက်။ မြောက်ဦးကတစ်ယောက်ကတော့ သပ်သပ်ပေါ့ သူက မြောက်ဦးဆေးရုံက ” လို့ စစ်တွေမြို့နယ် ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

ရခိုင်ပြည်နယ် ၊ စစ်တွေမြို့တွင် သြဂုတ်လ ၁၆ရက်နေ့က အတည်ပြုလူနာအမှတ် ၃၇၅ ကိုတွေ့ရှိခဲ့ပြီးနောက် သူနဲ့ဆက်စပ်တဲ့ ပတ်ဝန်းကျင်က လူ ၉ ဦး ၊ ဘဏ်ဝန်ထမ်း ၂၉ ဦး နှင့် မိသားစုဝင်တွေကို စောင့်ကြည့်မှု လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အတည်ပြုလူနာအမှတ် ၃၇၅ နှင့်ဆက်စပ်သည့် ဘဏ်ဝန်ထမ်းများတွင် ကိုဗစ်၁၉ရောဂါပိုး မတွေ့ရှိရဘဲ ယင်းဝန်ထမ်းများရဲ့ မိသားစုဝင်များတွင်သာ secondary contact အနေနဲ့ စုစုပေါင်း ၁၁ ဦးတွေ့ရှိိထားပါတယ်။

တစ်လကြာ ပြည်တွင်းကူးစက်မှု မရှိတော့တဲ့ ရခိုင်ပြည်နယ်မှာ သြဂုတ်လ ၁၆ ရက်နေ့ကမှစပြီး ပြည်တွင်းကူးစက်လူနာများ တွေ့ရှိခဲ့ရာ ယနေ့ (သြဂုတ်လ ၂၁ ရက်) မနက်အထိ စုစုပေါင်း ၁၉ ဦး တွေ့ရှိိိထားပြီ ဖြစ်ပါတယ်။

ဓူဝံ

Leave a Reply

Your email address will not be published. Required fields are marked *