Uncategorized







စစ်တွေ ကနေ ရန်ကုန် ဝင်လာသူ တွေကို Q စင်တာ တန်းပို့၊ လူဦး ရေ ၂၉၀ ကျော် ရှိသွား ပြီ

စစ်တွေက လာရောက်သူ ၂၉၀ ကျော်ကို လှိုင် Q စင်တာတွင် စောင့်ကြည့်ထား

ရခိုင်ပြည်နယ် စစ်တွေမြို့ကလာ ရောက်သူ ၂၉၁ ဦး ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် Q စင်တာတွင် စောင့်ကြည့်ခံနေရကြောင်း သိရပါတယ်။

“ဒီနေ့ လှိုင် Facilities Quarantine Center (3)မြတ်လေး ဆောင်ကို အယောက် ၅၀ ထပ်ရောက် လာတာကြောင့် အခု မြတ်လေးဆောင်မှာ ၆၆ ယောက် ရှိနေပါပြီ။ လှိုင်စင်တာ(1) G ဆောင်မှာ ၁၉၂ ယောက်၊ စင်တာ(2) ကေတုမတီ ဆောင်မှာ ၃၃ ယောက် စုစုပေါင်း ခရီးသည် ၂၉၁ယောက်ကို ကျန်းမာရေး စောင့် ကြည့်နေပါတယ်။ ဒီ Q စတင်တာ ကတော့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ လမ်းညွန် ချက်နဲ့ အညီ အမျိုးသားရေးတာဝန်အရ စေပိုင်ဖွံဖြိုးမှု လီမီတက်က ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်၊ သူတို့ကို ၂၁ ရက် အသွားအလာ ကန့်သတ်မှာ ဖြစ်ပါတယ်”ဟု ယင်းကပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမှ ရန်ကုန်မြို့သို့လာရောက်သူများ အနေဖြင့် Q ဝင်ရောက်ကာ တို့ဖတ်နမူနာ ၂ခါယူရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *