Uncategorized







မန္တလေး စိတ် အေး ရပါပြီ ရခိုင် က လာသူ ၈ ဦးကို ဓာတ်ခွဲ စမ်းသပ် ရာ တွင် ကိုဗစ်ပိုး မတွေ့ရှိ

ရခိုင် ကနေ မန္တလေးကိုရောက်ရှိနေ တဲ့သူ ၈ဦးကို ဓာတ်ခွဲ နမူနာယူ စစ်ဆေးခဲ့ရာမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ခြင်း မရှိဘူးလို့ မန္တလေးတိုင်း အစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသား ရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်ကပြောပါတယ်။

မန္တလေးကို ရခိုင်ကနေ အဝေးပြေးကားလိုင်းနဲ့ သြဂုတ်လ၂၁ရက်က ရောက်ရှိလာသူ ၈ ဦးကို ပထမအကြိမ် ဓာတ်ခွဲနမူနာယူ စစ်ဆေးခဲ့ရာမှာ ပိုးတွေ့ရှိခဲ့ခြင်းဘူးလို့သိရပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်များနဲ့အညီ ထပ်မံစစ်ဆေးသွားဖို့လည်းရှိတယ်လို့ ဝန်ကြီးကဆိုပါတယ်။

အဲဒီရှစ်ဦးစလုံးကို ဓာတ်ခွဲ နမူနာယူစစ်ဆေးပြီး ၆ဦးကတော့ မန္တလေး သံဃာ့ဆေးရုံမှာ Q ဝင်နေပြီး ကျန်နှစ်ဦး ကတော့ သက်ဆိုင်ရာမြို့နယ်မှာ Q ဝင်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

သူတို့တွေဟာ ရခိုင်ပြည်နယ် မြေပုံ ၊မင်းပြားနဲ့ အမ်းမြို့နယ်တို့ကနေ လိုက်ပါလာသူတွေဖြစ်တယ်လို့သိရပါတယ်။ ပြည်တွင်းကူး စက်မှုတွေ ဆက်တိုက်ဖြစ်ပွား နေတဲ့ ရခိုင်ပြည်နယ်မှာ ဆိုရင် ပိုးတွေရှိ့ သူ ၅၃ဦးထိရှိ နေပြီးဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *