Uncategorized







San San

စစ်တွေ‌ဆေးရုံကြီး မှာ ကိုဗစ် လူနာတွေ ကို ကုသ ရင်း ကူးစက် ခံလိုက် ရတဲ့ ရှေ့တန်း သူရဲကောင်း မလေး ရေး တဲ့စာ

စစ်တွေ ဆေးရုံကြီးမှ ကိုဗစ်လူနာတွေကို ပြုစု ကုသရင်း ကူးစက် ခံရတဲ့ ရှေ့တန်းတိုက်စစ်မှူးလေးကို အားပေးလိုက်ကြပါဦး

ရက်စက်လွန်းတဲ့ ကံကြမ္မာရယ် တကယ်တော့ ကိုယ်က ရောဂါပိုး စစ်တွေမှာ စတွေ့ပြီဆိုတည်းက သူတပါးအတွက် ခံစားပြီးကြေကွဲ ခဲ့ရတယ် ကိုယ့်ရည်မှန်း ချက်က ရောဂါခံစားနေရသူတွေကို တတ်နိုင် သလောက်ကူညီမယ်ပေါ့

အိမ်မှာ မနေတော့ဘဲ ဆေးရုံမှာဂျူတီဆင်းရင်း ကိုယ်တတ် နိုင်သလောက် အုပ်တချပ်သဲတပွင့် ကူညီပေးခဲ့တယ် တာဝန်ကျေခဲ့တယ်လို့ ခံစားမိပေမယ့် ကိုယ်ကြောင့် ဘယ်သူတွေကို ကူးစက်စေခဲ့ပြီလဲ? စေတနာတွေက ဝေဒနာဖြစ်ခဲ့ပီလား? ရောဂါကင်းပြီး ပြန်လာမယ့်တနေ့ ပရဟိတ လုပ်ငန်းတွေ လုပ်ချင်ပါသေးတယ် အလှူအတန်း တွေအများကြီးလုပ်ချင်ပါသေးတယ်

မေတ္တာ စေတနာသည် အစွမ်းထက်သောဆေးဝါးဖြစ်ပါစေ အမြန်ဆုံး သက်သာ ပျောက်ကင်းပါစေ

San San

Leave a Reply

Your email address will not be published. Required fields are marked *