Uncategorized

ကိုဗစ်ကာလမှာ သံဃာတော်တွေ ဆွမ်းအခက်အခဲမဖြစ်စေဖို့ အလှူအတန်းပြုလုပ်ခဲ့တဲ့ လွင်မိုး

ကိုဗစိကာလကြောင့် ခက်ခဲနေကြတဲ့သူတွေအတွက် တတ်နိုင်သူတွေက လှူဒါန်းမှုတွေပြုလုပ်ပေး ပြီး အချင်းချင်းရိုင်းပင်းကူညီနေကြတဲ့ အချိန်မှာ အနုပညာရှင် မင်းသားမင်းသမီးတွေ တော်တော်များများက လည်း တတ်နိုင်သမျှလှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ် ။ ပရိသတ်အချစ်တော် လွင်မိုးကလည်း ရပ်ကွက်အတွင်း Mask တွေနဲ့ Spray ပိုးသတ်ဆေးတွေ လှူဒါန်းခဲ့သလို We love yangon နဲ့.ကိုဗစ်ကာ ကွယ်ထိန်းချုပ်ရေးအတွက် လိုအပ်သည့်နေရာများတွင် အသုံးပြုရန် အတွက်လည်းလှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါသေးတယ် ။

လွင်မိုးဟာ အလှူရေစက်လက်နဲ့မကွာဆိုသလို အမြဲလှူဒါန်းမှုတွေ ပြုလုပ်တတ်ပေမယ့် ကိုဗစ်ကာလမှာတော့ ပိုပြီး လှူဒါန်း ပေးကမ်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကိုတွေ့ရပါတယ် ။ လတ်တလောမှာလည်း နှစ်စဉ်အလှုလုပ်နေကျ မိသားစုအလှူလေးတစ်ခုကို ပြုလုပ်ခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာထက်ကနေ မျှဝေပေးလာခဲ့ပါတယ် ။ ကမ္ဘာအေး..မဟာဂန္ဓာရုံ..စာသင်တိုက်အတွက် ဆီ (၅၀) ပိဿာ ၊ ငပိ (၅) ပိဿာ ၊ ငါးရံ့ခြောက် ဖုတ်ပြီးသား (၂) ပိဿာ တို့ကိုလှူဒါန်းခဲ့တာဖြစ်ပြီး အလှူပုံရိပ်တွေကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့တာဖြစ်ပါတယ် ။

ပရိသတ်တွေကလည်း လွင်မိုးရဲ့ အခုလို လှူဒါန်းမှုလေးကို သာဓုတွေခေါ်ဆိုခဲ့ကြပြီး ဒီထက်မက လှူနိုင်တန်းနိုင်တဲ့ သူတစ်ယောက်ဖြစ်ပါစေလို့ ဆုမွန်ကောင်းတွေ တောင်းပေးထားကြတာတွေ့ရပါတယ် ။ လွင်မိုးကိုချစ်တဲ့ ဆယ်လီကမ္ဘာ ပရိသတ်ကြီးလည်း သာဓုခေါ်ဆိုနိုင်စေဖို့ အလှူပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Swelsone News

Leave a Reply

Your email address will not be published. Required fields are marked *