Uncategorized

ဆေးရုံကြီးမှာ ဆရာဝန် သူနာပြု (၇၀)လောက် ကိုဗစ်ကူးခံရတာ ဝမ်းသာစရာပါလို့ပြောတဲ့သူကို ဒဲ့ပြောလိုက်တဲ့ ဒေါက်တာနေသွေး

တောက်ရူးလို့ ပြောလဲ အပြောခံရလို့ ဂုဏ်ယူနေမယ့်လူမျိုး။ ဟိုတလောထဲက တလွဲတွေရေးနေတာ တွေ့ထဲက ထိုင်ဟားနေတာ။ ဟာဗက်တွေ ယေးတွေ လျှောက်ပြောနေထဲက အမေရိကန်အကြောင်း မှမသိတာ အထင်အရှား။ Dr. Fauci က စပီး ဆေးသိပ္ပံတဖွဲ့လုံးက LD မချလို့ ထရန့်ကို ပြောနေတာတွေမသိဘူး။ တသက်လုံး ဘယ်ရွေးကောက်ပွဲမှ ဝင်မပါခဲ့တဲ့ အမေရိကန်သိပ္ပံပညာရှင်များအစည်းအရုံးက ဘိုင်ဒန်ဘက်က ရပ်တည်မယ်လို့ ကြေညာတာလဲ သိပုံမရဘူး။ အမေရိကန်တပြည်လုံးက လူ ၂ သိန်းကျော်သေတာ ထရန့်ကြောင့်ဆိုပီး လက်ညှိုးထိုးတာလဲ သူမသိဘူး။

အခုလဲ ပိုးကူးတဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုတောင် ဝမ်းသာရဦးမတဲ့။ လူကမွေးတာမှ ဟုတ်ရဲ့လားပဲ။ အဲဒီ ဝန်ထမ်းတွေလဲ သွေးနဲ့ သားနဲ့ အသက်နဲ့။ မိသားစုတွေ ရှိကြတယ်။ တခါဖြစ်လို့ ပျောက်သွားသူက mask မတပ်ရဘူးလို့ ဘယ်သူက ပြောလိုက်သတုန်း။ ပိုးက Genetics Mutation ဖြစ် Sequence change ဖြစ်သွားရင် ထပ်ကူးမှာပဲ။ တခါဖြစ်ဖူးလို့ တသက်လုံးထပ်မဖြစ်တော့ဘူးဆိုတာ ဘယ်နိုင်ငံက ဘယ်ပညာရှင်က ပြောလို့တုန်း။ အဲဒီလိုသာဆို တုပ်ကွေးကာကွယ်ဆေး တနှစ်တခါ ဘာလို့ ဝယ်ထိုးနေတုန်း။ တခါထိုးပီးရင် ရပီပေါ့။ လူတွေကို အချက်အလက်အမှားတွေနဲ့ ဂျင်းထည့်တာတွေ ရပ်ပါတော့။ ရွှေဥာဏ်တော် စူးရောက်ကြီးရဲ့။ သေချာသိချင် US CDC က ထုတ်ထားတာလေးတွေ ဖတ်လိုက်ဦး။

နာမည်ကြီးချင်ရင်တော့ အဝတ်ဗလာနဲ့ မြို့တပတ်ပတ်ပြေးလိုက်ပါ။ ထွက်ကြည့်သူတော့ ရှိမှာမဟုတ်ဘူး။ ခွေးတော့လိုက်ဆွဲပါလိမ့်မယ်။ ဒီလောက်ပါပဲ။” ဆိုပြီးပြောထားတာပဲဖြစ်ပါတယ်။

Nay Thway
Swelsone News

Leave a Reply

Your email address will not be published. Required fields are marked *