ပဋိ ပကၡျဖစ္ပြားခဲ့ ရာ တ႐ုတ္နယ္စပ္ေဒသ သို႔ ၀န္ႀကီးခ်ဳပ္ မိုဒီႏွင့္ အိႏၵိယစစ္ဘက္အရာရွိႀကီးမ်ား ႐ုတ္တရက္ေရာက္ရွိ
ပဋိပကၡျဖစ္ပြားခဲ့ရာ တ႐ုတ္နယ္စပ္ေဒသသို႔ ၀န္ႀကီးခ်ဳပ္ မိုဒီႏွင့္ အိႏၵိယစစ္ဘက္အရာရွိႀကီးမ်ား ႐ုတ္တရက္ေရာက္ရွိ။ အိႏၵိယတြင္ တ႐ုတ္ဆန္႔က်င္ေရးစိတ္ဓါတ္ျမင့္တက္ေန
အိႏၵိ ယႏိုင္ငံ ၀န္ႀကီးခ်ဳပ္ နာရင္ျဒာမိုဒီသည္ ႏိုင္ငံ့ေျမာက္ပိုင္း တ႐ုတ္နယ္စပ္ လာဒက္ေဒသရွိ နီမူး စစ္စခန္းသို႔ အံ့အားသင့္ဖြယ္ ႐ုတ္တရက္ေရာက္ရွိသြားခဲ့ရာ အဆိုပါ အိႏၵိယစစ္စခန္းမွာ ယခင္ ဇြန္လ ၁၅-ရက္ တ႐ုတ္တပ္ဖြဲ႕၀င္မ်ားႏွင့္ ပဋိပကၡျဖစ္ခဲ့ရသည့္ေနရာမွ အေျဖာင့္တိုင္းလွ်င္ မိုင္ ၆၀ ခန္႔သာ ကြာေဝးသည္ဟု AFP အား ကိုးကား၍ Dhaka Tribune က ယေန႔ေရးသားသည္။
ဂယ္လ္၀မ္ ေတာင္ၾကားေဒသ၏ အဆိုပါ ပဋိပကၡသည္ ညဴကလီယာလက္နက္ပိုင္ရွင္ အိမ္နီးခ်င္းစစ္အင္အားႀကီး ၂-ႏိုင္ငံအၾကား ၄၅-ႏွစ္အတြင္း လူအေသအေပ်ာက္ျဖစ္ရသည့္ ျဖစ္စဥ္တစ္ခုအျဖစ္ မွတ္တမ္း၀င္ခဲ့ရသည္။
ထိရွလြယ္ေသာ နယ္ေျမအတြင္း ၀န္ႀကီးခ်ဳပ္မိုဒီ၏ ခရီးစဥ္တြင္ ၄င္းနယ္ေျမ စစ္ေဆး႐ုံရွိ ( တ႐ုတ္တို႔ႏွင့္ သတ္ပုတ္ရာတြင္ ) ဒါဏ္ရာရစစ္သည္တို႔အား တရင္းတႏွီး ေတြ႕ဆုံအားေပးရန္ စီစဥ္ထားေၾကာင္း၊ ၀န္ႀကီးခ်ဳပ္ႏွင့္အတူ အိႏၵိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အျခားအိႏၵိယတပ္မေတာ္အရာရွိႀကီးမ်ားလိုက္ပါလာျခင္းက အဆိုပါေဒသမွာ အိႏၵိယအတြက္ အေရးပါေသာ နယ္ေျမတစ္ခုအျဖစ္ ျပသလွ်က္ရွိသည္။
ႏွစ္ဖက္သေဘာတူ ပိုင္ဆိုင္မႈ အတိအက်မသတ္မွတ္ရေသးေသာ နယ္ေျမတြင္ တ႐ုတ္ႏွင့္ အိႏၵိယတပ္ဖြဲ႕၀င္မ်ားအၾကား ေသနတ္မပါ လက္႐ုံးခ်င္း ယွဥ္ၿပိဳင္သတ္ပုတ္ခဲ့ၾကျခင္းျဖစ္သည္။ အိႏၵိယဘက္က တပ္ဖြဲ႕၀င္ ၂၀-ဦး က်ဆုံးခဲ့ရေၾကာင္း ေရးသားၾကေသာ္လည္း တ႐ုတ္ဘက္အက်အဆုံးကိုမူ ရွင္းလင္းစြာ မသိရေခ်။
အျဖစ္အပ်က္ႏွင့္ပတ္သက္၍ ႏွစ္ႏိုင္ငံစလုံးက တစ္ဘက္ႏွင့္တစ္ဘက္ အျပစ္တင္ခဲ့ၾကၿပီး၊ ေဒသအတြင္းသို႔ ေထာင္ေပါင္းမ်ားစြာေသာတပ္ဖြဲ႕၀င္မ်ား တိုးတက္ေစလႊတ္ခဲ့သည္။
တစ္ခ်ိန္က အတိအလင္း စစ္ခင္းခဲ့ၾကသည့္ မသင့္ျမတ္ေသာ အိမ္နီးခ်င္းႏွစ္ႏိုင္ငံအၾကား စစ္တပ္အဆင့္ေဆြးေႏြးမႈမ်ားကို အႀကိမ္ႀကိမ္ျပဳလုပ္ခဲ့ၾကေသာ္လည္း သေဘာတူညီမႈရရွိသည္အထိ တိုးတက္မႈအနည္းငယ္သာ အေျဖထြက္ခဲ့သည္။
အိႏၵိယသည္ တ႐ုတ္ႏွင့္ စီးပြားေရး ဆက္ႏြယ္မႈတို႔ကို ေျပာင္းလဲရန္ အတင္းအၾကပ္ႀကိဳးပမ္းလွ်က္ရွိသည္။ ယခုရက္သတၱပတ္အတြင္း အမ်ိဳးသားလုံၿခဳံေရးအေၾကာင္းျပခ်က္ျဖင့္ လူႀကိဳက္မ်ားေသာ TikTok အပါအ၀င္ တ႐ုတ္ မိုဘိုင္းဖုန္းအက္ပလီေကးရွင္း ၅၉ ခုအား ပိတ္ပင္ခဲ့သည္။
အိႏၵိယ ေဒသအတြင္း၌လည္း တ႐ုတ္ဆန႔္က်င္ေရးစိတ္ဓာတ္ျမင့္တက္လာသည္ႏွင့္အမွ် နယ္စပ္စစ္ေဆးေရးဂိတ္မ်ားတြင္ တ႐ုတ္သြင္းကုန္ပစၥည္းမ်ားအေပၚ စစ္ေဆးမႈ ပိုမိုတင္းၾကပ္ခဲ့သည္။
အဆိုပါဂိတ္မ်ားတြင္ စုပုံလွ်က္ရွိေသာ တ႐ုတ္သြင္းကုန္မ်ားတြင္ အိႏၵိယေဆးဝါး ထုတ္လုပ္ေရးလုပ္ငန္းအတြက္ အေရးပါေသာ ကုန္ၾကမ္းပစၥည္းမ်ား ပါ၀င္ေနသည္ဟု သတင္း၌ ဆက္လက္ေဖာ္ျပသည္။
ေလးစားစြာျဖင့္ခရစ္ဒက္ …………Sit Nyein Aung
ပဋိ ပက္ခဖြစ်ပွားခဲ့ ရာ တရုတ်နယ်စပ်ဒေသ သို့ ဝန်ကြီးချုပ် မိုဒီနှင့် အိန္ဒိယစစ်ဘက်အရာရှိကြီးများ ရုတ်တရက်ရောက်ရှိ
ပဋိပက္ခဖြစ်ပွားခဲ့ရာ တရုတ်နယ်စပ်ဒေသသို့ ဝန်ကြီးချုပ် မိုဒီနှင့် အိန္ဒိယစစ်ဘက်အရာရှိကြီးများ ရုတ်တရက်ရောက်ရှိ။ အိန္ဒိယတွင် တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်မြင့်တက်နေ
အိန္ဒိ ယနိုင်ငံ ဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် နိုင်ငံ့မြောက်ပိုင်း တရုတ်နယ်စပ် လာဒက်ဒေသရှိ နီမူး စစ်စခန်းသို့ အံ့အားသင့်ဖွယ် ရုတ်တရက်ရောက်ရှိသွားခဲ့ရာ အဆိုပါ အိန္ဒိယစစ်စခန်းမှာ ယခင် ဇွန်လ ၁၅-ရက် တရုတ်တပ်ဖွဲ့ဝင်များနှင့် ပဋိပက္ခဖြစ်ခဲ့ရသည့်နေရာမှ အဖြောင့်တိုင်းလျှင် မိုင် ၆၀ ခန့်သာ ကွာဝေးသည်ဟု AFP အား ကိုးကား၍ Dhaka Tribune က ယနေ့ရေးသားသည်။
ဂယ်လ်ဝမ် တောင်ကြားဒေသ၏ အဆိုပါ ပဋိပက္ခသည် ညူကလီယာလက်နက်ပိုင်ရှင် အိမ်နီးချင်းစစ်အင်အားကြီး ၂-နိုင်ငံအကြား ၄၅-နှစ်အတွင်း လူအသေအပျောက်ဖြစ်ရသည့် ဖြစ်စဉ်တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ရသည်။
ထိရှလွယ်သော နယ်မြေအတွင်း ဝန်ကြီးချုပ်မိုဒီ၏ ခရီးစဉ်တွင် ၄င်းနယ်မြေ စစ်ဆေးရုံရှိ ( တရုတ်တို့နှင့် သတ်ပုတ်ရာတွင် ) ဒါဏ်ရာရစစ်သည်တို့အား တရင်းတနှီး တွေ့ဆုံအားပေးရန် စီစဉ်ထားကြောင်း၊ ဝန်ကြီးချုပ်နှင့်အတူ အိန္ဒိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခြားအိန္ဒိယတပ်မတော်အရာရှိကြီးများလိုက်ပါလာခြင်းက အဆိုပါဒေသမှာ အိန္ဒိယအတွက် အရေးပါသော နယ်မြေတစ်ခုအဖြစ် ပြသလျှက်ရှိသည်။
နှစ်ဖက်သဘောတူ ပိုင်ဆိုင်မှု အတိအကျမသတ်မှတ်ရသေးသော နယ်မြေတွင် တရုတ်နှင့် အိန္ဒိယတပ်ဖွဲ့ဝင်များအကြား သေနတ်မပါ လက်ရုံးချင်း ယှဉ်ပြိုင်သတ်ပုတ်ခဲ့ကြခြင်းဖြစ်သည်။ အိန္ဒိယဘက်က တပ်ဖွဲ့ဝင် ၂၀-ဦး ကျဆုံးခဲ့ရကြောင်း ရေးသားကြသော်လည်း တရုတ်ဘက်အကျအဆုံးကိုမူ ရှင်းလင်းစွာ မသိရချေ။
အဖြစ်အပျက်နှင့်ပတ်သက်၍ နှစ်နိုင်ငံစလုံးက တစ်ဘက်နှင့်တစ်ဘက် အပြစ်တင်ခဲ့ကြပြီး၊ ဒေသအတွင်းသို့ ထောင်ပေါင်းများစွာသောတပ်ဖွဲ့ဝင်များ တိုးတက်စေလွှတ်ခဲ့သည်။
တစ်ချိန်က အတိအလင်း စစ်ခင်းခဲ့ကြသည့် မသင့်မြတ်သော အိမ်နီးချင်းနှစ်နိုင်ငံအကြား စစ်တပ်အဆင့်ဆွေးနွေးမှုများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြသော်လည်း သဘောတူညီမှုရရှိသည်အထိ တိုးတက်မှုအနည်းငယ်သာ အဖြေထွက်ခဲ့သည်။
အိန္ဒိယသည် တရုတ်နှင့် စီးပွားရေး ဆက်နွယ်မှုတို့ကို ပြောင်းလဲရန် အတင်းအကြပ်ကြိုးပမ်းလျှက်ရှိသည်။ ယခုရက်သတ္တပတ်အတွင်း အမျိုးသားလုံခြုံရေးအကြောင်းပြချက်ဖြင့် လူကြိုက်များသော TikTok အပါအဝင် တရုတ် မိုဘိုင်းဖုန်းအက်ပလီကေးရှင်း ၅၉ ခုအား ပိတ်ပင်ခဲ့သည်။
အိန္ဒိယ ဒေသအတွင်း၌လည်း တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်မြင့်တက်လာသည်နှင့်အမျှ နယ်စပ်စစ်ဆေးရေးဂိတ်များတွင် တရုတ်သွင်းကုန်ပစ္စည်းများအပေါ် စစ်ဆေးမှု ပိုမိုတင်းကြပ်ခဲ့သည်။
အဆိုပါဂိတ်များတွင် စုပုံလျှက်ရှိသော တရုတ်သွင်းကုန်များတွင် အိန္ဒိယဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းအတွက် အရေးပါသော ကုန်ကြမ်းပစ္စည်းများ ပါဝင်နေသည်ဟု သတင်း၌ ဆက်လက်ဖော်ပြသည်။
လေးစားစွာဖြင့်ခရစ်ဒက် …………Sit Nyein Aung