Uncategorized

ပရိသတ်တွေစိတ်ညစ်မှာစိုးလို့ ကင်ဆာဝေဒနာကြီးကို ကြိတ်မှိတ်ခံစားခဲ့တဲ့ မီးမီးခဲအကြောင်း ကွယ်လွန်သွားချိန်မှ ဖွင့်ဟပြောပြလာတဲ့ ဟန်ထူးစျာန်

အဆိုတော် မီးမီးခဲကတော့ ဒီကနေ့ အောက်တိုဘာလ (၁၆) ရက်နေ့မှာပဲ သူမလက်ရှိ နေထိုင်ရာ သြစတေးလျနိုင်ငံ စံတော်ချိန် ည ၉ နာရီ ၃၁ မိနစ်အချိန်မှာ ဘဝတစ်ပါးသို့ ကူးပြောင်း ကွယ်လွန်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ကင်ဆာ အဆင့် (၄) ကို ရောက်ရှိနေပြီဖြစ်တဲ့ မီးမီးခဲက ဆရာဝန်တွေကိုယ်တိုင်က လက်လျှော့ထားရတဲ့အခြေအနေဖြစ်ပေမယ့် အပြုံးမပျက်ပဲ ပရိသတ်တွေရှေ့မှာ နေနိုင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ အဆိုတော် ဟန်ထူးစျာန်က သူ့ရဲ့အစ်မတစ်ယောက်လိုချစ်ရတဲ့ အဆိုတော်မီးမီးခဲက ပရိသတ်တွေစိတ်ညစ်မှာစိုးလို့ ကင်ဆာဝေဒနာကြီးကို ကြိတ်မှိတ်ခံစားပြီးကုသခဲ့တဲ့အကြောင်းကို အခုလိုပဲ ပြောလာပါတယ်။

“R.I.P ပါ အစ်မ ရယ် 🙏🏼🙏🏼🙏🏼 မမီးမီးခဲ အစ်မသူ့ပရိတ်သတ်တွေကို သူကြောင့်နဲ့ စိတ်မညစ်စေချင်လို့ ကြိတ်ခံစားကြိုးစားခဲ့တာလေးတွေကို အခုတော့ သိသလောက် ပြောပြပါ့မယ်။ အစ်မက ကင်ဆာဝေဒနာကြီးကိုခံစားနေရတာပါ။ ဆေးတွေနဲ့တိုက်ပြီး တကိုယ်တော် Live Show ပွဲကို ပရိတ်သတ်တွေအတွက် နောက်ဆုံးအနေနဲ့လို့ပြောပြောပြီးကိုလုပ်သွားခဲ့တယ်။ ဆရာဝန်တွေက သီချင်းတွေကို အားစိုက်ဆိုရင် အစ်မအတွက်ကျန်းမာရေးကပိုဆိုးသွားနိူင်လို့ မဆိုခိုင်းခဲ့ပေမယ် ရအောင် ပြန်လာပြီး ဖျော်ဖြေခဲ့တာပါ”

“မဖျော်ဖြေခင် အားတွေအရမ်းနည်းလို့ အကြောဆေးပုလင်းချိတ်သွင်းပြီးအားယူရင်းကို သီချင်းကိုတုံးလုံးလှဲပြီး လေ့ကျင့်နေခဲ့တာ ကျွန်တော်တို့ဆရာလိုချစ်ရတဲ့ အစ်ကိုတယောက် Video လေးပြလို့ တော်တော်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၂ ရက်က သူငယ်ချင်းတယောက်နဲ့စကားပြောတော့ မမီးခဲ ကဆေးရုံပေါ်မှာ အခြေအနေတော်တော်မကောင်းဘူးကြားတော့ အရမ်းအားပေးခဲ့တဲ့ ထူးခြားတဲ့အသံပိုင်ရှင်အစ်မ မလို့ တော်တော်စိတ်မကောင်းဖြစ်မိနေတာပါ။ အခုလိုခံစားနေရတာကို ပရိတ်သတ်တွေ ဘယ်သူမှမသိအောင် တမင်ကြိတ်ကုရင်းတိုက်နေတာပါ။ နေ့တိုင်းလည်း သူငယ်ချင်းကို သတင်းလှမ်းမေးနေတာ။ မြန်မြန်ပြန်နေကောင်းပါစေဆုတောင်းရင်ပေါ့။ အခုတော့ သူဝေဒနာတွေခံစားနေရတာ နိဂုံးချုပ်ခဲ့ပြီ” ဆိုပြီး သူသိသမျှကို ပြောလာခဲ့ပါတယ်။

အဆိုတော် မီးမီးခဲလို အနုပညာရှင်ကြယ်ပွင့်တစ်ပွင့်ကို ဆုံးရှုံးလိုက်ရပေမယ့် မီးမီးခဲရဲ့ ခံစားနေရတဲ့ ဝေဒနာတွေ နိဂုံးချုပ်သွားခဲ့တာပဲ ဖြစ်ပါတယ်။ မီးမီးခဲတစ်ယောက် ကောင်းရာဘုံဘဝမှာ အေးချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Swelsone News

Leave a Reply

Your email address will not be published. Required fields are marked *