Uncategorized

ထက်ထက်မိုးဦးရဲ့ ပြန်လည်အောင်မြင်လာမှုကို ထီပေါက်တာထက် ပိုပျော်ရွှင်မိတယ်လို့ ချီး​ကျူးစကားဆိုလာတဲ့ မျိုးမင်းစိုး

ဒီဇိုင်နာ မျိုးမင်းစိုးကတော့ သူရဲ့ ဖန်တီးနိုင်စွမ်းတွေကြောင့် ထိပ်တန်းမင်းသား မင်းသမီးတွေရဲ့ လက်စွဲဖြစ်ပြီး ပင်တိုင် ဒီဇိုင်နာတစ်​ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ပိုင် Brandတစ်ခုကို တည်ထောင်ထားပြီး ပရိသတ်အားပေးချစ်ခင်မှုကို တစ်ခဲနက်ရရှိပိုင်ဆိုင်ထားသူပါ။ မျိုးမင်းစိုးက အနုပညာလမ်းကြောင်းထက်မှာ လျှောက်လှမ်းလာခဲ့တာ အချိန်အတော်ကြာပြီဖြစ်ပြီး မင်းသမီးကြီး ထက်ထက်မိုးဦးနဲ့လည်း အတော်လေး ရင်းနှီးတာကို တွေ့ရပါတယ်။

ယနေ့မှာတော့ ထက်ထက်မိုးဦးရဲ့ ပြန်လည်အောင်မြင်လာမှုတွေကို ဝမ်းသာအားရနဲ့ မျိုးမင်းစိုးက သူရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသားမျှဝေလာတာပါ။ ” နောက်ဆုံးတော့ထက်ထက်မိုးဦးကထက်ထက်မိုးဦးပါပဲနော် ခုချိန်မှာထက်ထက်Live လွှင်ပြီးရတနာတွေရောင်းတာမလွတ်တမ်းစောင့်ကြည့်နေရပါပြီနော် ကြည့်ရှူသူအများဆုံးနဲ့အအောင်မြင်ဆုံးနေရာတစ်ခုမှာရက်မအားရလေအောင်အလုပ်တွေအပြည့်နဲ့ပြန်လုပ်နေတာမြင်တွေ့နေရပါပြီနော်။ ခုလည်းlive လွှင့်ပြီးရောင်းတဲ့ထဲမှာထိပ်ဆုံးကကြော်ငြာဘုရင်မကြီးဖြစ်နေပါပြီ။

နှစ်လိုဖွယ်ကောင်းသောအသံချိုချိုလေးနဲ့ယဉ်ကျေးစွာပြောတတ်တာလေးကိုကထူးခြားနေတာပါ။ ပြည်သူချစ်တဲ့အနုပညာရှင်ဆိုတာဘယ်အနေအထားရောက်ရောက်ပြည်သူတွေချစ်ကြတာငြင်းလို့မရပါဘူးနော် ခုလို့ကြော်ငြာတစ်ခေတ်မှာထက်ထက်ပြန်ပြီးထိပ်ဆုံးပြန်ရောက်နေတာတွေ့ရလို့ ကိုယ်ထီပေါက်တာထက်တောင်ပိုလို့ဝမ်းသာပျော်ရွှင်ရပါတယ်နော် ” ဆိုပြီး ရေးသားထားတဲ့အပြင် နှစ်ယောက်အတူ ပွဲတက်ရောက်ခဲ့တဲ့ အမှတ်တရပုံလေးတွေကိုလည်း တင်ပေးလာတာကြောင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Swelsone News

Leave a Reply

Your email address will not be published. Required fields are marked *