Uncategorized

ပရိသတ်တွေ သဘောကျနေကြတဲ့ အမိုက်စားသရုပ်ဆောင်ထားတဲ့ ရတနာမိုင်ရဲ့ Tik Tok ဗီဒီယို

မိခင်ဖြစ်သူရဲ့ ဂီတအမွေတွေကို အပြည့်အဝရရှိထားကာ ဂီတလောကမှာလည်း နေရာတစ်နေရာကို ရရှိပိုင်ဆိုင်ထားသူကတော့ အဆိုတော်မလေး ရတနာမိုင်ပဲ ဖြစ်ပါတယ်။ သူမဟာ ရခိုင်တိုင်းရင်းသူလေးပဲ ဖြစ်ပြီး မိုင်လေးရဲ့ အမူအရာလေးတွေကလည်း ပရိသတ်တွေကို ချစ်မဝဖြစ်စေတဲ့ အဓိက အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ မိုင်လေးရဲ့ အသံလေးဟာလည်း နားဆင်သူတိုင်းကို အခါခါနားထောင်ချင်​လောက်အောင်ကို ဖမ်းစားထားနိုင်တာလည်း ဖြစ်ပါတယ်။

သူမဟာ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေ မရှိသေးဘဲ အိမ်မှာဘဲ ချစ်ရတဲ့ မိသားစုနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေကို ဖြတ်သန်းနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေအတွက်လည်း သူမရဲ့ လှုပ်ရှားမှုလေးတွေကို မကြာခဏ တင်ဆက်ပေးနေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း ရတနာမိုင်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

ဒါကတော့ ချစ်စရာကောင်းတဲ့ ကကွက်လေးတွေနဲ့ အမိုက်စားကနေတဲ့ ရတနာမိုင်ရဲ့ Tik Tok Video လေးပဲ ဖြစ်ပါတယ်။ မိုင်လေးက “စိန်ပြည့်လျှံ စိန်ရွှေရတနာဆိုင်ရဲ့ သီတင်းကျွတ်အကြို စိန်ပြည့်လျှံ Tik Tok Challenge ပြိုင်ပွဲလေးကို မိုင်လေး နဲ့အတူ ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲလိုက်ကြဖို့ ဖိတ်ခေါ်ပါရစေနော်😍” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ အကောင်းဆုံး သရုပ်ဆောင်နိုင်သူကို ပထမဆု (၂)သိန်း နဲ့ ဒုတိယဆု တစ်သိန်းပေးမှာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် မိုင်လေးရဲ့ ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။

video ကြည့်ရန်

Swelsone News

Leave a Reply

Your email address will not be published. Required fields are marked *