Uncategorized

တစ်နှစ်သားအရွယ်တည်းက မိခင်ဖြစ်သူကမွေးစားဖို့ပေးခြင်းခံခဲ့ရတဲ့ ဝမ်းနည်းစရာ ငယ်ဘဝအကြောင်း ပြောပြလာတဲ့ ဦးခင်လှိုင်

ဟာသသရုပ်ဆောင် မင်းသားကြီးခင်လှိုင်ကတော့ အင်မတန်လူချစ်လူခင်ပေါများတဲ့ အနုပညာရှင်တစ်ယောက်ပါပဲနော်။ ပရိသတ်တွေကို ရယ်မောပျော်ရွှင်ရအောင် သူ့ရဲ့အနုပညာအရည်အချင်းတွေနဲ့ ဖျော်ဖြေတင်ဆက်လေ့ရှိတဲ့ ခင်လှိုင်က ဒါရိုက်တာအဖြစ်ပါ ဇာတ်ကားတွေရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ခင်လှိုင်က သူ့ရဲ့သားလေးဇေရဲနဲ့ သမီးလေးသဇင်ထူးမြင့်တို့ကိုပါ အနုပညာအမွေတွေ လက်ဆင့်ကမ်းပေးနေတာပဲ ဖြစ်ပါတယ် ။

ဒီလိုပျော်စရာကောင်းတဲ့ မိသားစု ဘဝလေးပိုင်ဆိုင်ထားတဲ့ ဦိးခင်လှိုင်ဟာ ငယ်ငယ်ထဲက မိဘတွေနဲ့အတူနေဖို့ ကံပါမလာတဲ့ ဝမ်းနည်းစရာ သူ့ငယ်ဘဝအကြောင်းလေးကိုပြောပြလာခဲ့ပါတယ်။ ခင်လှိုင်ဟာ တစ်နှစ်သားအရွယ် ထဲက မိခင်ဖြစ်သူက မွေးစားမိဘတွေကို ပေးခြင်းခံခဲ့ရတာပဲဖြစ်ပါတယ်။ မိဘတွေကွဲချိန်မှာ အကိုကြီးနှစ်ယောက်ကိုတော့ မိခင်ကခေါ်သွားခဲ့ပြီး အငယ်ဆုံးသားလေး ဦးခင်လှိုင်ကိုတော့ မွေးစားမိဘတွေလက်ထဲပေးခဲ့တာပဲဖြစ်ပါတယ်။ ဦးခင်လှိုင်မှာ ၂ နှစ်စီကြီးကြတဲ့ အကိုနှစ်ယောက်ရှိသေးကြောင်းပြောခဲ့ပါတယ်။

ဦးခင်လှိုင်ရဲ့ ငယ်ဘဝဟာ အဆင်ပြေပြေချောချောမွေ့မွေ့မရှိခဲ့ပါဘူး။ ဦးခင်လှိုင်ကိုမမွေးစားခင်အချိန်က မွေးစားမိဘတွေကစီးပွားရေးအဆင်ပြေကြပြီး ဦးခင်လှိုင်ကိုမွေးချိန်မှ စီးပွားရေး ထိခိုက်ပြီး အဆင်မပြေဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် မွေးစားမိဘတွေက ခင်လှိုင်ကိုသား သမီးအရင်းလိုချစ်တဲ့အကြောင်းပြောလာခဲ့ပါတယ်။ မိခင်အရင်းဖြစ်သူနဲ့ ပြန်တွေ့တဲ့အကြောင်းလေးကိုလဲ ပရိသတ်ကြီးကိုပြောပြလာပါသေးတယ်။ ပရိသတ်ကြီးအတွက် ဝမ်းနည်းစရာ ငယ်ဘဝအကြောင်းပြောပြလာတဲ့ဦးခင်လှိုင်ရဲ့ ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။

Video ကြည့်ရန်

Swelsone News

Leave a Reply

Your email address will not be published. Required fields are marked *