Uncategorized

ကိုယ်ဝန်(၂၃) ပတ်မှာ ဗိုက်ထဲက သမီးလေးရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို တွေ့ခဲ့ပြီး ကြည်နူးခဲ့ရတဲ့အပျော်တွေကို ဝေမျှပေးလာတဲ့ နန်းမြတ်ဖြိုးသင်း

ချစ်စရာကောင်းတဲ့ အဆိုတော်၊ သရုပ်ဆောင်မလေး နန်းမြတ်ဖြိုးသင်းကတော့ အပျိုတုန်းကလည်း ပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးခံရသလို အိမ်ထောင်ကျပြီး ကလေးမေမေတစ်ယောက်ဖြစ်သွားချိန်မှာလည်း ပရိသတ်တွေရဲ့ အချစ်တွေကို မလျော့စတမ်း ရရှိပိုင်ဆိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ဒုတိယမြောက်ကိုယ်ဝန်ကို လွယ်ဆောင်ထားရပြီဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းကတော့ အိမ်မှာနေရင်းနဲ့ပဲ သူမကိုယ်သူမ ဂရုစိုက်စောင့်ရှောက်ရင်း မိသားစုတွေနဲ့ အတူတူ အချိန်ကုန်ဆုံးနေလျက်ရှိတာပဲ ဖြစ်ပါတယ်။

သားလေးဂျက်ဂျက်ကို မွေးဖွားပြီးတဲ့နောက် ဒုတိယမြောက်သမီးလေးကိုယ်ဝန်ကို လွယ်ဆောင်ထားရတဲ့ နန်းမြတ်ဖြိုးသင်းက ဒီကနေ့မှာတော့ သူမရဲ့ ပျော်စရာအခိုက်အတံ့လေးတစ်ခုကို မျှဝေပေးလာပါတယ်။ နန်းမြတ်ဖြိုးသင်းက “နန်းမြတ်နေမကောင်းတာနဲ့ postတွေ သိပ်မတင်နိုင်တာဆောရီးပါနော်။ ခုတော့နေကောင်းပြီမို့ တင်မယ်နော်😉 ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သွေးလေးကိုမြင်ရရင် အရမ်းကြည်နူးရတာ အမှန်ပါ။ ဒီvideoလေးထဲမှာ နန်းမြတ်က ဗိုက်ထဲက သမီးလေးကိုတွေ့ခဲ့တဲ့အကြောင်းပါ။ စိတ်ဝင်စားသွားပြီလား။ Ultrasound သွားရိုက်တာကိုပြောတာပါ😂 ကိုယ်ဝန်၂၃ပတ်မှာသမီးလေးကိုultrasoundသွားရိုက်တဲ့အကြောင်းလေးတင်ထားပေးပါတယ်ချစ်ရတဲ့သူတွေကြည့်ပေးနော်😘😘😘” ဆိုပြီး သမီးလေးကို Ultrasound ရိုက်တုန်းက အမှတ်တရဗီဒီယိုလေးကို မျှဝေပေးလာပါတယ်။

နန်းမြတ်ဖြိုးသင်းကတော့ ကိုယ်ဝန်(၂၃) ပတ်မှာ ဗိုက်ထဲက သမီးလေးရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို တွေ့ခဲ့ပြီး ကြည်နူးခဲ့ရတဲ့အပျော်တွေကို ပရိသတ်တွေဆီ မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဗီဒီယိုလေးကိုကြည့်ပြီး နန်းမြတ်ရဲ့ အပျော်တွေကူးစက်သွားမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Video ကြည့်ရန်

ဆယ်လီကွန်နက်ရှင်
Swelsone News

Leave a Reply

Your email address will not be published. Required fields are marked *