Uncategorized

ဆံပင်ညှပ်နေ ရင်းနဲ့ လျှာကိုပါ အမှတ်မထင် အညှပ်ခံခဲ့ ရတဲ့ ခွေးလေး

ဒီဖြစ်ရပ်လေးဟာ Brazil နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်လေးတစ်ခုဖြစ်ပြီး ခွေးပိုင်ရှင်ရဲ့ နာမည်ကတော့ Vanda Souza ပဲဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ခွေးလေးကို pet salon ကိုပို့ခဲ့စဥ် ခွေးလေးဟာ ဒီဖြစ်ရပ်ဆိုးကြီးနဲ့ ကြုံခဲ့ရတာပဲ ဖြစ်ပါတယ်။

ဖြစ်ပုံကတော့ Vanda Souza ဟာ သူ့ရဲ့ခွေးလေးကို pet salon ပို့ပြီး ဆံပင်ညှပ်ပေးနေစဥ် ဝန်ထမ်းတွေရဲ့ မတော်တဆမှုတစ်ခုကြောင့် ခွေးလေးရဲ့လျှာဟာ အညှပ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် Vanda Souza ဟာတော်တော်လေးစိတ်မကောင်း ဖြစ်ကြောင်း လူမှုကွန်ယက်ပေါ်တင်ခဲ့ပေမယ့် သူသွားခဲ့တဲ့ pet salon နာမည်ကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။

ပုံတွေထဲမှာ မြင်ရတဲ့အတိုင်းဆိုရင်လည်း ခွေးလေးရဲ့လျှာဟာ တော်တော်လေးပြတ်သွားခဲ့ပြီး ခွေးလေးဟာ မငိုပေမယ့်လည်း မျက်လုံးထဲမှာ မျက်ရည်တွေဝိုင်းနေတာကို တွေ့ရပါတယ်။ အံကြိတ်တောင့်ခံထားပေမယ့်လည်း ခွေးလေးဘယ်လောက်တောင် နာကျင်နေလိုက်မလဲ မသိဘူးနော်ပရိသတ်ကြီး။

Source – elitereaders

Leave a Reply

Your email address will not be published. Required fields are marked *