Uncategorized

ကျောက်မဲခရိုင် NLD အမျိုးသားလွှတ်တော်နေရာမှာ အနိုင်ရခဲ့တဲ့ ဦးထိုက်ဇော် သူနေထိုင်တဲ့ပင်တိန်ရွာမှာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင် အမှတ်(၁) ရှမ်းပြည်နယ်အမျိုးသားလွှတ်တော်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ်ပါတီ(NLD)က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထိုက်ဇော် နေအိမ်ကို ဒီကနေ့ အောက်တိုဘာလ (၂၁)ရက်နေ့ ည ၆ နာရီခွဲ အချိန်က သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့လို့ အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ဒီဗီဘီကပြောပါတယ်။

သေဆုံးသွားသူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးထိုင်ဇော်ဟာ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအုပ်စု၊ ပင်တိန်ရွာမှာ နေထိုင်သူဖြစ်ပြီး သူရဲ့ နေအိမ် အတွင်းမှာ နေထိုင်စဉ် ပစ်ခတ်ခံရတာဖြစ်တယ်လို့ ကနဦး သတင်းကြားသိရပါတယ်။

လက်ရှိမှာတော့ ဘယ်သူဘယ်ဝါတွေက ပစ်ခတ်တယ်ဆိုတာကို မတွေ့ရသေးပါဘူး။ အခုသေဆုံးသွားတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်းဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ SNLD က ကိုယ်စားလှယ်လောင်းကို ၅၄ မဲနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

Swelsone News

Leave a Reply

Your email address will not be published. Required fields are marked *