Uncategorized

လူတောထဲမှာ စိတ်ရှင်းရှင်းနေချင်လို့ ဘဝမှန်ကို ပရိသတ်တွေကိုပြောပြလာတဲ့ ဇေရဲထက်

ပရိသတ်တွေချစ်တဲ့ မင်းသားချောလေး ဇေရဲထက်ကတော့ သာမန်ဆင်းရဲတဲ့ဘဝကနေ မင်းသားတစ်ယောက်ဖြစ်လာခဲ့ပြီး ဘဝကို ရုန်းကန်ရှင်သန်ခဲ့ရကြောင်း အင်တာဗျူးတွေမှာ မကြာခဏ ဖြေဆိုလေ့ရှိတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ လတ်တလောမှာတော့ သူ့ဘဝဖြစ်တည်မှုအမှန်တရားတွေကို မကွယ်ဝှက်ဘဲ ပရိသတ်တွေကို ဖွင့်ဟလာခဲ့ပါတယ် ။

ဇေရဲထက်က “ငါ့ရဲ့ဖြစ်တည်မူ့ ခံစားခဲ့ရတဲ့ဘဝတွေကို တချို့သိကောင်းသိမယ် သိရက်နဲ့ ကိုယ်ချင်းမစာပဲ နှိပ်ကွပ်ကောင်းနှိပ်ကွပ်မယ် ဒါပေမယ့် ကျနော်ရဲ့ အမြဲတမ်းရင်ထဲအသည်းထဲထည့်တဲ့ ကျင့်သုံးတဲ့ စကားက ကိုယ်သာလျင်ကိုယ့်ရဲ့ပဲ့ကိုင်ရှင်ပဲဆိုပြီး အခုလို ဖြစ်တည်အောင်နေခဲ့တာပါ🙏🙏🙏ဘဝမှာ ဘယ်သူ့ကိုမှာ နင်းပြီးတတ်ခဲ့တာမဟုတ်သလို ကြိုးစားရုန်းကန်ပြီး ရလာခဲ့တဲ့နေရာပါ 👌👌👌ဒုက္ခ တွေ ဘဝမျိုးစုံ ဖြတ်သန်းပြီး ကျိကျိတတ်မချမ်းသာပေမယ့် ကျနော်ကြိုးစားခဲ့လို့ အေးချမ်းစွာနေရပါတယ်🙏🙏🙏အာ့ထဲမှာ စေတနာ နဲ့ စာနာစိတ်ကလေးပါ ထည့်တော့ ကံအကျိုးပေးသာခဲ့ပါတယ်🙏🙏🙏(တချိန်တုန်းက အာ့ပုံလေးအတိုင်း ကျနော့်ဘဝ ဖြစ်ခဲ့ပါတယ်)တချို့ကပြောတာ အရှိတိုင်းမပြောနဲ့တဲ့ နင်းလိမ့်မယ်တဲ့ ကျနော်ကတော့ လူတောထဲမှာ စိတ်ရှင်းရှင်းနဲ့ လူတိုင်းကိုဆက်ဆံချင်လို့ ပြောတယ် မတူဘူးပေါ့ ခံစားချက်ခြင်းကော ခံယူချက်ချင်းကော ကျနော်ကတော့ စိတ်ရှင်းတာကြိုက်တယ်”ဆိုပြီးပြောထားတာပဲဖြစ်ပါတယ်။

တချိန်တုန်းက အဲ့ဒီ ပုံလေးအတိုင်း သူ့ဘဝ ဖြစ်ခဲ့ပြီး တချို့က အရှိတိုင်းမပြောနဲ့ မလိုသူတွေက နင်းလိမ့်မယ်လို့ပြောပေမယ့်လည်း ဇေရဲထက်ကတော့ လူတောထဲမှာ စိတ်ရှင်းရှင်းနဲ့ လူတိုင်းကိုဆက်ဆံချင်လို့ ဆိုတဲ့ စိတ်နဲ့ ပရိသတ်တွေကို သူ့ရဲ့ ဘဝမှန်ကိုပြောပြလာခဲ့တာဖြစ်ပါတယ် ။ တစ်ယောက်နဲ့တစ်ယောက် ခံစားချက်ခြင်း၊ ခံယူချက်ချင်းမတူသလို ဇေရဲထက် ကတော့ စိတ်ရှင်းတာကြိုက်တဲ့အတွက် အခုလို အမှန်တိုင်းရေးသားခဲ့တာပါတဲ့ ပရိသတ်ကြီးရေ။

ဆယ်လီကမ္ဘာ
Swelsone News

Leave a Reply

Your email address will not be published. Required fields are marked *