Uncategorized

ချစ်သူဟောင်းရွှေထူးကို ရည်ညွှန်းပြောဆိုနေတာလားလို့ ဝေဖန်မှတ်ချက်တစ်ခုကို ထိထိမိမိနဲ့ပညာသားပါပါပြန်လည်ချေပပြောဆိုခဲ့တဲ့ ပန်ကိတ်ဒါဒါ

ပရိသတ်ကြီးရေပန်ကိတ်ဒါဒါကတော့သြစတျေးလျနိုင်ငံမှာ ပညာသင်ကာ Masterဘွဲ့ ကို ရရှိထားတဲ့ ဆယ်လီတစ်ဦးပဲ ဖြစ်ပါတယ်။ အနုပညာရှင်မဟုတ်ပေမယ့် Beauty ဘလော့ဂါအဖြစ် သူမရဲ့ဝါသနာအရအလှအပရေးရာဆိုင်ရာတွေကို ဝေမျှလေ့ရှိတဲ့အပြင် ခွန်အားရှိစေတဲ့စာလေးတွေ အတွေးအခေါ်လေးတွေကိုလည်း ပရိသတ်တွေကို ချပြလေ့ရှိသူတစ်ဦးပါ။

သူမရဲ့အတွေးအခေါ်လေးတွေနဲ့အလှအပရေးရာဆိုင်ရာတွေ ဝေမျှမှုကြောင့် မိန်းကလေးပရိသတ်တော်တော်များ သဘောကျဝန်းရံခံရတဲ့သူတစ်ယောက်ပါ။သူမချစ်သူဟောင်းနဲ့ လမ်းခွဲပြတ်စဲပြီးနောက်မှာလည်း အခုချိန်ထိတစ်ယောက်ထဲ Singleအဖြစ်နဲ့ နေထိုင်ကာ မြန်မာပြည်ကိုပြန်လာတဲ့အချိန်တွေမှာလည်း ကြော်ငြာတွေပါရိုက်ကူးလျက်ရှိနေပါပြီနော်။

လတ်တလောမှာတော့ မုန်းတယ်နဲ့ စိတ်နာတယ်ကဘာကွာလဲလို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာ မှာမေးလိုက်တာနဲ့ပတ်သက်ပြီး သူမရဲ့ချစ်သူဟောင်း ရွှေထူးကို ပြောလို့မပြီးနိုင်သေးဘူးလားလို့ဝေဖန်မှတ်ချက်တစ်ခုကို ထိထိမိမိနဲ့ပြန်လည်ချေပပြောဆိုခဲ့တာပါ။ သူမအနေနဲ့အိမ်ထောင်သည် ပိူင်ရှင်ရှိရည်စားရှိတဲ့သူတွေကိုရည်ညွှန်းတာမျိုးမရှိဘဲ စိတ်နဲ့တောင်မပြစ်မှားကြောင်း ပြန်လည်ချေပပြောဆိုခဲ့တာပါ။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Celebrity News
Swelsone News

Leave a Reply

Your email address will not be published. Required fields are marked *