Uncategorized

လူမှုရေးကိစ္စတွေကြောင့် ဒေါသထွက်ကာပြဿနာတက်နေတဲ့ချစ်သူလေးကို အားပေးစကားဆိုလိုက်တဲ့ ဇေရဲထက်

ပရိသတ်ကြီးရေ(၂၀၁၀ )ခုနှစ်က ဂျွန်လွင်ရဲ့ Star int’l Models Agency ကနေ မော်ဒယ် ဘဝအဖြစ် စတင်ခဲ့တဲ့ ဇေရဲထက်ဟာ အချိန်တိုအတွင်း စီးပွားရေးကြော်ညာများစွာ လက်ခံရိုက်ကူးပေးနိုင်ခဲ့ပြီး( ၂၀၁၂ )မှာတော့ ခေါင်းဆောင်မင်းသားအဖြစ် ရိုက်ကူးနိုင်ခဲ့တာပါ။အချိန်တိုအတွင်းလေးမှာ မော်ဒယ်ဘဝ ကြော်ညာမင်းသားဘဝ အောင်မြင်တဲ့ ရုပ်ရှင်နဲ့ဗီဒီယိုမင်းသားဘဝ ဆိုပြီး တစ်ဆင့်ချင်း တတ်လှမ်းနိုင်သူပဲဖြစ်ပါတယ်။

ချောမောလှပတဲ့ ရုပ်ရည်သွင်ပြင်နဲ့ ပရိတ်သတ်အပေါ်မှာလဲ ဂရုစိုက်တတ်သူဖြစ်ပြီး မိသားစုအပေါ်မှာလဲ တာဝန်ကျေပွန်သူ တစ်ယောက်ဖြစ်တဲ့အပြင် အနုပညာလောကမှာလဲ ခိုင်မာတဲ့နေရာတစ်ခုမှာ ရပ်တည်နေနိုင်တဲ့ ဇေရဲထက်ရဲ့ ဘဝလေး အေးချမ်းပြည့်စုံပြီး စိတ်ချမ်းသာစရာကောင်းပါတယ်။ဇေရဲထက်တော့ အလှူအတန်းတွေတတ်နိုင်သလောက် ပြုလုပ်ကာ အေးဆေးတည်ငြိမ်စွာ နေတတ်တဲ့ မင်းသားတစ်လက်ပါ။

အခုလို အေးချမ်းပျော်စရာကောင်းတဲ့ သူ့ဘဝလေးထဲမှာ သူ့ရဲ့ချစ်သူနဲ့ပတ်သက်ပြီးလည်း ပရိသတ်တွေသိအောင်ချပြထားသူပါ။ ဒီနေ့မှာလည်း သူ့ရဲ့ချစ်သူတစ်ယောက်လူမှုရေးကိစ္စတွေနဲ့စိတ်တိုနေရတာကြောင့် ချစ်သူကောင်မလေးရဲ့ ပိုစ့်အောက်မှာ အားပေးစကား လေးကိုမှတ်ချက်ပေးခဲ့တာပါ။ အနေဝေးနေတဲ့ချစ်သူလေးကို အဝေးကနေတောင် အရိပ်တကြည့်ကြည့်နဲ့ အားပေးနေတဲ့ဇေရဲထက်ရဲ့အချစ်ကတော့ အားကျစရာကြီးပါပဲနော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Celebrity News

Leave a Reply

Your email address will not be published. Required fields are marked *