Uncategorized

အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်ရဲ့ နောက်ဆုံးခရီး ဈာပနမြင်ကွင်းပုံရိပ်များ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင် မဲဆန္ဒနယ်အမှတ်(၁) ကနေ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ NLD ပါတီကိုယ်စားလှယ် ဦးထိုက်ဇော်ရဲ့ နာရေးကို ဒီကနေ့ နိုဝင်ဘာ ၂၂ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။

“ကျောက်မဲမှာက ဘုန်းတော်ကြီးတွေ အရပ်သားတွေလည်း ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်တွေကရှိနေတာပါ။ ရွာဘက်တွေမှာက လုံခြုံရေး အခြေအနေက ဇီးရိုးပါပဲ။ လက်နက်ကိုင်အဖွဲ့ပေါင်းစုံ လှုပ်ရှားသွားလာနေတာမို့ ကျွန်တော်တို့ ကိုယ်စားလှယ်တွေတောင် ကြည့်သွားကြည့်လာရတဲ့အခြေအနေပါ။ နိုင်ငံရေးကြောင့်လား ပုဂ္ဂိုလ်ရေးကြောင့်လားဆိုတာတော့ အခုတော့ ဘာမှ မပြောနိုင်သေးတဲ့အခြေအနေပါ။ “လို့ ကျောက်မဲမဲဆန္ဒနယ်အမှတ်၂ ရဲ့ လက်ရှိ လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဉာဏ်ကဘီဘီစီကိုပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *