Uncategorized

ဘုရားသွားဖူးရင်း ဝတ်ထားတဲ့ ရွှေလက်စွက်ကို ချက်ချင်းချွတ်ပြီး ဘုရားမှာလှူဒါန်းခဲ့တဲ့ ခေးဆက်သွင်ရဲ့ ဗီဒီယို

“အရိပ်”၊ “လေးစုံတွဲ”၊ “ဥယျဉ်မှူးဖြစ်ဖူးချင်သည်” “Flowers & Butterflies”၊ “နှင်းဆီ” စတဲ့ ဇာတ်လမ်းတွဲတွေမှာ ကျရာဇာတ်ရုပ်မှာ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသမီးလေး ခေးဆက်သွင်က ရုပ်သံဇာတ်လမ်းတွဲတွေမှာ မတူညီတဲ့ ကာရိုက်တာတွေကို သရုပ်ဆောင်ရင်း ပရိသတ်တွေ အားပေးခြင်းကို ခံရတဲ့ မင်းသမီးတစ်လက်ပါပဲ။ တစ်နေ့ထက်တစ်နေ့ အောင်မြင်မှုတွေ တိုးပွားရရှိလာခဲ့တဲ့ ခေးဆက်သွင်က အခုဆိုရင် အနုပညာအလုပ်တွေကို လက်မလည်အောင် လုပ်ကိုင်နေရပြီး ကြော်ငြာတော်တော်များများမှာ ပါဝင်သရုပ်ဆောင်နေတာကို တွေ့ရပါတယ်။ ပရိသတ်တွေကလည်း သူတို့ချစ်ခင်ရတဲ့ မင်းသမီးလေး ခေးဆက်သွင်ရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကို စိတ်ဝင်တစားနဲ့ စောင့်မျှော်အားပေးကြတာပဲ ဖြစ်ပါတယ်။

လူလေးလှသလို စိတ်ထားကောင်းပြီး ဖြူစင်တဲ့ နှလုံးသားလေးကို ပိုင်ဆိုင်ထားတဲ့ ခေးဆက်သွင်က လူငယ်ပီပီ ပျော်ပျော်နေတတ်သလို အလှူအတန်း၊ ကုသိုလ်ရေးမှာလည်း လက်မနှေးတတ်သူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ခေးဆက်သွင်က မိတ်ဆွေတစ်ယောက်ရဲ့ နေအိမ်မှာ ပင့်ဆောင်ပူဇော်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကို သွားရောက်ဖူးမျှော်ရင်း သဒ္ဒါပေါ်လာလို့ ဝတ်ထားတဲ့ ရွှေလက်စွက်ကို ချက်ချင်းချွတ်ပြီး လှူဒါန်းခဲ့ကြောင်း သူမရဲ့ ဖေ့စ်ဘုတ် My Day ကနေတဆင့် ပြောပြလာပါတယ်။

ခေးဆက်သွင်ကတော့ စွဲလန်းမက်မောတဲ့ စိတ်တွေ လုံးဝမရှိပဲ သူမမှာ လောလောလတ်လတ်ပါလာတဲ့ တန်ဖိုးရှိလက်စွပ်ကို လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခေးဆက်သွင်ရဲ့ အလှူလေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Swelsone News

Leave a Reply

Your email address will not be published. Required fields are marked *