Uncategorized

အသက်နှစ်ဆယ်စွန်းစွန်းအရွယ်လေးနဲ့တင် အပျော်အပါးမမက်ပဲ ရင့်ကျက်တည်ငြိမ်တဲ့ချစ်ဇနီးလေးကြောင့် ဂုဏ်ယူမဆုံးဖြစ်နေတဲ့ ရွှေထူး

အနုပညာလောကရဲ့ တောက်ပတဲ့ ငွေကြယ်ပွင့်နှစ်ယောက်ဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီကတော့ အသက်ငယ်ငယ်လေးတွေနဲ့ အောင်မြင်တဲ့ နေရာတစ်ခုမှာ ရပ်တည်နေကြသူများ ဖြစ်ကြပါတယ်။ ရွှေမှုံရတီကတော့ ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်သလို ရွှေထူးကလည်း နိုင်ငံကျော် အဆိုတော်တစ်ယောက်အဖြစ် တူညီတဲ့ အနုပညာလောကထဲမှာ ကျင်လည်နေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေတော့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ကို တစ်ယောက်ချင်းစီဖြစ်စေ၊ စုံတွဲလိုက်ဖြစ်စေ ချစ်ခင်စွာနဲ့ အားပေးကြတာပဲ ဖြစ်ပါတယ်။

ရွှေထူးကတော့ အခုဆိုရင် အသက် (၂၈) နှစ်အရွယ် ရင့်ကျက်သူတစ်ယောက်ဖြစ်နေပြီဆိုပေမယ့် ရွှေမှုံရတီကတော့ အသက် (၂၂) နှစ်အရွယ်သာရှိသေးတာမို့ လူငယ်လူရွယ်တစ်ယောက်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် အရွယ်နဲ့မလိုက်အောင် အောင်မြင်ကျော်ကြားနေပြီဖြစ်တဲ့ ရွှေမှုံရတီကတော့ အောင်မြင်မှုအပေါ် သာယာခြင်းမရှိပဲ အလုပ်ချိန်မှာ အလုပ်လုပ်သလို အားလပ်တဲ့အချိန်မှာလည်း ဘုရားတရားလုပ်ရင်းနဲ့သာ အချိန်ကုန်ဆုံးတတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ရွှေထူးကလည်း ချစ်ဇနီးလေး ရွှေမှုံရတီ ဘုရားဝတ်ပြုချိန်တိုင်းမှာ ဓာတ်ပုံလေးတွေရိုက်ထားတတ်ပြီး ချစ်ဇနီးရဲ့ လိမ္မာပုံကို ဂုဏ်ယူတတ်သူတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ထင်မထားလောက်အောင် အေးဆေးတည်ငြိမ်လွန်းတဲ့ ရွှေမှုံလေးရဲ့ ပုံရိပ်လေးကိုကြည့်ပြီး ပိုလို့တောင် ချစ်သွားကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

ဆယ်လီကွန်နက်ရှင်
Swelsone News

Leave a Reply

Your email address will not be published. Required fields are marked *