Uncategorized

ပြင်ဦးလွင်မှာနေထိုင်ဖို့ ဆောက်လုပ်နေတဲ့ သူမရဲ့အိမ်အကြမ်းထည်ပုံစံလေးကို ပြသလာတဲ့ စမိုင်းလ်

လူတိုင်းအပေါ်ကို ကူညီချင်စိတ်ရှိပြီး အလှူအတန်းတွေလည်း အမြဲလုပ်လေ့ရှိသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး စမိုင်းလ်ပဲ ဖြစ်ပါတယ်။ သူမဟာ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုကို မတောင်းဘဲ ပြည့်ဝသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူမရဲ့ ဖြူစင်တဲ့ စိတ်ထားလေးကို ချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်။

သူမဟာ မိသားစုအပေါ်မှာလည်း တာဝန်ကျေပွန်လွန်းသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သမီးလေးတွေရဲ့ လိုအပ်ချက်တွေတိုင်းကိုလည်း အမြဲဖြည့်ဆည်းပေးနေတဲ့ မိခင်ကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှုတွေတိုင်းကိုလည်း ပရိသတ်တွေကို အမြဲဝေမျှပေးနေသူလည်း ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ပြင်ဦးလွင်တွင်ဝယ်ယူထားတဲ့ သူမရဲ့အိမ်အကြမ်းထည်ပုံစံလေးကိုထုတ်ဖော်ပြသလာတာပဲ ဖြစ်ပါတယ်။ သူမကလည်း ” ပြင်ဦးလွင်ကအိမ်ကလေးတောင်အကြမ်းပြီးတော့မယ်။ ကိုဗစ်တွေပြီးသွားရင် မေမြို့မှာ ၃ လလောက်သွားနေမယ်” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Swelsone News

Leave a Reply

Your email address will not be published. Required fields are marked *