ချစ်စရာကောင်းတဲ့အပြင် ရှင်းလင်းပြေပြစ်တဲ့ မျက်နှာလှလှလေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးလေး ရတနာဗိုလ်ကတော့ ဒီဘက်ခေတ်ရဲ့ လူကြိုက်များလှတဲ့ မင်းသမီးတစ်ယောက်ပါပဲ။ လူလေးလှသလို သရုပ်ဆောင်လည်းကောင်းမွန်တဲ့ ရတနာဗိုလ်က ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးခြင်းကို ခံနေရတာပဲ ဖြစ်ပါတယ်။ ရတနာဗိုလ်ကလည်း ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို ခံယူပြီး ပရိသတ်အားပေးရကျိုးနပ်တဲ့ အနုပညာရှင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေတာပဲ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ရတနာဗိုလ်က လူတကာမက်မောရတဲ့ တန်ဖိုးကြီးပစ္စည်းတွေကို လက်ဆောင်ရရှိခဲ့ကြောင်း သူမရဲ့ ဖေ့စ်ဘုတ် My Day မှာ မျှဝေထားတာကို တွေ့ရပါတယ်။ ရတနာဗိုလ်က “ကိုကို”လို့ ခေါ်ရတဲ့ တစ်စုံတစ်ယောက်သောဆီက နောက်ဆုံးပေါ် iPhone 12၊ ကိုရီးယား Brand မျက်မှန်တို့ကို လက်ဆောင်ရရှိခဲ့ကြောင်း “မွေးနေ့လက်ဆောင်လေးအတွက် ကျေးဇူးပါ ခိုခို ” ဆိုပြီး ပြောထားတာပဲ ဖြစ်ပါတယ်။
ရတနာဗိုလ်ကတော့ အရွယ်ရောက်ပြီး လွတ်လပ်သူတစ်ယောက်ပီပီ ချစ်သူရည်းစားရှိတာ ပရိသတ်ကြီးက အပြစ်မြင်မယ် မထင်ပါဘူးနော်။ ပရိသတ်ကြီးလည်း အချစ်ခံ၊ ဂရုစိုက်ခံရတဲ့ ရတနာဗိုလ်လေးကို အားကျနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
ဆယ်လီကွန်နက်ရှင်
Swelsone News