Uncategorized

ဝန်ထမ်းကောင်းတွေရဲ့ကျေးဇူးကြောင့် ပျက်စီးသွားတဲ့ ပန်းစိုက်ခင်းကြီးကို ပြန်လည်အောင်မြင်အောင် ပျိုးထောင်နိုင်ခဲ့ပြီဆိုတဲ့ လွင်မိုး

မင်းသားကြီး လွင်မိုးကတော့ တစ်ချိန်က အနုပညာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အားပေးသူ ပရိသတ်အခိုင်အမာရရှိခဲ့တာပဲ ဖြစ်ပါတယ်။ အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာတော့ လွင်မိုးက အနုပညာအလုပ်တွေထက် စီးပွားရေးလုပ်ငန်းတွေကိုသာ ဦးစားပေးလုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ စီးပွားရေးသမားဖြစ်နေပြီဆိုပေမယ့် လွင်မိုးကတော့ သူ့ရဲ့ မိသားစုအတွက်လည်း အချိန်ပေးစောင့်ရှောက်နေသူတစ်ယောက်ဆိုလည်း မမှားပါဘူး။

ချစ်ဇနီး စိတ်တိုင်းကျ လီလီပန်းခင်းကြီးကို စိုက်ပျိုးထားပြီး လီလီပန်းစိုက်ပျိုးရောင်းချခြင်း စီးပွားကိုလည်း လုပ်ကိုင်ထားတဲ့ လွင်မိုးက ကိုဗစ် 1st Wave မှာတော့ အချိန်ပေးဂရုစိုက်နိုင်ခြင်းမရှိခဲ့တာကြောင့် သူ့ရဲ့ လီလီပန်းစိုက်ခင်းကြီးတစ်ခုလုံးစာနီးပါး ပျက်စီးခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ သူ့ရဲ့ ပန်းစိုက်ခင်းကြီးက မူလအတိုင်း အောင်မြင်နေပြီဖြစ်ကြောင်းကို “မရောက်တာ ၄ လ ကျော်ရှိသွားပါပြီ။ တယ်လီဖုန်းနဲ့ပဲ ကလေးတွေကို အားပေးအုပ်ချုပ်နေရတာပါ။ အောင်မြင်မှုရအောင်ကြိုးစားဆောင်ရွက်ကြတဲ့ ဝန်ထမ်းများအားလုံးအထူးကျေးဇူးတင်ပါသည်…” ဆိုပြီး ဝမ်းသာစရာသတင်းကောင်းကို မျှဝေပေးလာပါတယ်။

လွင်မိုးကတော့ ဝန်ထမ်းကောင်းတွေရဲ့ကျေးဇူးကြောင့် သူ့ရဲ့ ပန်းစိုက်ခင်းကြီးကို အရင်အတိုင်း လှလှပပ မြင်ခွင့်ရခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Swelsone News

Leave a Reply

Your email address will not be published. Required fields are marked *