ပရိသတ်ကြီးရေ.. မြန်မာအိုင်ဒေါပြိုင်ပွဲကြီးကနေ အသံကောင်းကောင်းလေးနဲ့ သီချင်းကောင်းလေးတွေကို သီဆိုတတ်ပြီး ပျော်တတ်တဲ့ အခွီပုံရိပ်လေးတွေကြောင့် ပရိသတ်တွေရဲ့အချစ်တွေကို ရရှိထားတဲ့ အဆိုတော်မူးလာကိုတော့ အားလုံးပဲ ချစ်ခင်ကြမယ်ထင်ပါတယ်နော်..။သီချင်းကောင်းလေးတွေကို ဖန်တီးသီဆိုတတ်သလို ရယ်စရာလေးတွေနဲ့ လူငယ်ပီပီ အမြဲပျော်နေတတ်တဲ့ မူးလာကတော့ အခုဆိုရင် သီချင်းတွေလည်း ထွက်ရှိကာ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်အဖြစ် လျှောက်လှမ်းနေပြီ ဖြစ်ပါတယ်နော်..။
အမိုက်စားအသံပါဝါနဲ့ တေးသီချင်းကောင်းလေးတွေကို သီဆိုဖျော်ဖြေတတ်သလို လူငယ်ပီပီ ပွင့်လင်း ပျော်ပျော်နေတတ်တဲ့ ပုံရိပ်လေးတွေကြောင့်လည်း ပရိသတ်တွေက အမြဲအချစ်ပိုနေကြတာလည်း ဖြစ်ပါတယ်..။ မူးလာကတော့ နောက်လ (၂၅)ရက်နေ့ဆိုရင် အသက် ၂၂ နှစ် ပြည့်မှာပဲဖြစ်ပါတယ်။ မူးလာရဲ့ အမာခံပရိသတ် မူလီလေးတွေကတော့ မူးလာရဲ့ မွေးနေ့အကြို surprise အဖြစ် နောက်ဆုံးပေါ် i phone 12 လက်ဆောင်ဝယ်ပေးခဲ့တာပဲဖြစ်ပါတယ်။
မူးလားကတော့ မူလီလေးတွေရဲ့ မွေးနေ့အကြို လက်ဆောင်လေးကို MY Day မှာ တင်ပြီး အသိပေးခဲ့တာပဲဖြစ်ပါတယ်။ ကရင်တိုင်းရင်းသားလေးတစ်ယောက်ဖြစ်တဲ့ မူးလာကတော့ လူငယ်ပီပီ ပျော်ပျော်နေသလို စလိုက်နောက်လိုက်နဲ့လည်း ပရိသတ်တွေကို အချစ်ပိုစေကာ စိတ်ထားလေးလည်း ကောင်းမွန်တဲ့ မူးလာရဲ့အကြောင်းလေးကိုဖော်ပြပေးလိုက်ပါတယ်နော်။
Swelsone News