Uncategorized

မနှစ်က မိဘနှစ်ပါးရဲ့ (၂၅) နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့အတွက် သူမရဲ့ ဘဝမှတ်တမ်းပုံရိပ်လေးကို အမှတ်တရရိုက်ကူးပေးခဲ့တဲ့ Gfatt

နာမည်ကြီး မိဘမျိုးရိုး အသိုင်းအဝိုင်းက ဆင်းသက်လာတဲ့ TheVoice Myanmar Season (3) ပြိုင်ပွဲဝင် G ကတော့ ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာသွားခဲ့ပေမယ့် ပရိသတ်တွေရဲ့ အားပေးမှုကို ဆက်လက်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ G ကတော့ စီးပွားရေးလုပ်ငန်းရှင် ဖခင်၊ နိုင်ငံရေးလောကရဲ့ ဂုဏ်သတင်းကျော်စောသူ မိခင်နဲ့ အဆိုတော် သရုပ်ဆောင် အကယ်ဒမီ ထွန်းအိနြ္ဒာဗိုလ်တို့ရဲ့ အမှီအခိုကင်းကင်းနဲ့ သူမရဲ့ ဘဝကို အေးအေးဆေးဆေးနဲ့ ဖြတ်သန်းနေထိုင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ချစ်စရာကောင်းတဲ့ G ကို သူမရဲ့ အနုပညာကိုသာမကပဲ ရိုးရှင်းပြီး ပကာသနကင်းတဲ့ နေထိုင်မှုပုံစံလေးကို ချစ်ကြတာပဲ ဖြစ်ပါတယ်။

အေးအေးဆေးဆေးနေတတ်တယ်ဆိုပေမယ့် မိဘတွေအပေါ်မှာတော့ သမီးကောင်းတစ်ယောက်ပီသတဲ့ G က ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ် ဇွန်လ (၂၉) ရက်နေ့မှာ ကျရောက်တဲ့ မိဘနှစ်ပါးရဲ့ Anniversary အတွက် သူမဘဝမှတ်တမ်း ဗီဒီယိုလေးကို ပြုလုပ်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ G ရဲ့ ဖေဖေ ဦးအောင်ကျော်ဝင်းက G ကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် G ရဲ့ ဘဝမှတ်တမ်း ဗီဒီယိုလေးကို အခုလိုပဲ ပြန်လည်မျှဝေပေးလာခဲ့ပါတယ်။

 

G လေးကတော့ ငယ်ငယ်ကတည်းက ဖေဖေ၊ မေမေရဲ့ အချစ်ခံခဲ့ရသလို ပညာရေးမှာလည်း ထူးချွန်ထက်မြက်သူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ G ကို ချစ်တဲ့ ပရိသတ်တွေကတော့ ဒီဗီဒီယိုလေးကိုကြည့်ရှုရလို့ ကျေနပ်ကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Video ကြည့်ရန်

ဆယ်လီကွန်နက်ရှင်
Swelsone News

Leave a Reply

Your email address will not be published. Required fields are marked *