Uncategorized

ချစ်ဇနီးရွှေမှုံရတီရဲ့ ညီမငယ်လေး ငွေမှုံရတီကို ပွဲထုတ်ထားတဲ့ သီချင်းသစ်တစ်ပုဒ်ကို ရက်ပိုင်းအတွင်း ပရိသတ်တွေဆီ ချပြတော့မယ် ရွှေထူး

တေးသံရှင် ရွှေထူးကတော့ လူငယ်တွေအကြိုက် အချစ်နဲ့ အလွမ်းအဆွေး သီချင်းတွေကို သီဆိုရင်း အောင်မြင်မှုတွေရရှိခဲ့သူ ဖြစ်ပါတယ်။ ရွှေထူးကတော့ သူ့ရဲ့ ထွက်ရှိသမျှ သီချင်းတိုင်းက ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ရှိန်ထိုးရရှိပိုင်ဆိုင်နိုင်ခဲ့ပြီး ဂီတထူးချွန်ဆုများစွာကိုလည်း ဆွတ်ခူးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ရွှေထူးရဲ့ ဆက်လက်ထွက်ရှိမယ့် သီချင်းတိုင်းကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်အားပေးကြတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာလည်း ရွှေထူးက မကြာခင် ထွက်ရှိမယ့် သူ့ရဲ့ သီချင်းသစ်လေးနဲ့ ပရိသတ်တွေဆီ မိတ်ဆက်ပေးလာခဲ့ပါတယ်။ ရွှေထူးက သူ့ရဲ့ ဇနီး ရွှေမှုံရတီရဲ့ တစ်ဦးတည်းသော ညီမလေး သရုပ်ဆောင် ငွေမှုံရတီကို ပွဲထုတ်ထားပြီး သူနဲ့အတူတူ သီဆိုထားတဲ့ “ဖြေ” ဆိုတဲ့ သီချင်းကို MV နဲ့တကွ မကြာခင်ရက်ပိုင်းအတွင်း ချပြမယ်လို့ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ သတင်းကောင်းလေး မျှဝေပေးလာတာပဲ ဖြစ်ပါတယ်။

 

ဒီသီချင်းလေးကတော့ ငွေမှုံရတီအတွက် ပထမဦးဆုံး သီချင်းလေးဖြစ်ပြီး ခဲအိုကြီး ရွှေထူးရဲ့ သင်ပြပေးမှုနဲ့ အကောင်းဆုံးကြိုးစားထားမယ်ဆိုတာ သေချာပါတယ်။ ပရိသတ်ကြီးလည်း ငွေမှုံရတီနဲ့ ရွှေထူးတို့ရဲ့ “ဖြေ” သီချင်းလေးကို ဆက်လက်စောင့်မျှော်ပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

ဆယ်လီကွန်နက်ရှင်
Swelsone News

Leave a Reply

Your email address will not be published. Required fields are marked *