Uncategorized

ဦးထိုက်ဇော်ရဲ့ ကျန်ရစ်သူမိသားစုအတွက် UK မှ မြန်မာမိသားစုဝင်များက အလှူငွေ ကျပ်သိန်း (၇၀)ကျော် ထောက်ပံ့လှူဒါန်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင် အမှတ်(၁) ရှမ်းပြည်နယ်အမျိုးသားလွှတ်တော်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ်ပါတီ(NLD)က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထိုက်ဇော် နေအိမ်ကို အောက်တိုဘာလ (၂၁)ရက်နေ့ ည ၆ နာရီခွဲ အချိန်က သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့လို့ အသက်ဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်။

ဦးထိုက်ဇော်မိသားစုအတွက်UKမြန်မာ မိသားစုနှင့်မိသားစုဝင်များရဲ့မိတ်ဆွေများ၏အလှူငွေကောက်ခံပြီးထောက်ပံ့လှူဒါန်းခဲ့ကြပါတယ်။
၂၀၂၀ပြည်သူ့မဲဆန္ဒဖြင့်အနိုင်ရရှိသောရှမ်းပြည်နယ်အမျိုးသားလွှတ်
တော်ကိုယ်စားလှယ်ဦးထိုက်ဇော်၏ကျန်ရစ်သူမိသားစုအတွက်၂၄နာရီအတွင်းကောက်ခံရရှိသောအလှူငွေမှာ”£4066″ရရှိပြီးဖြစ်ပါသည်။

 

၁၇၄၀ကျပ်ငွေလွှဲနူန်းဖြင့်..စုစုပေါင်းမြန်မာငွေ”၇၀၇၄၈၄၀ကျပ်”ဖြစ်ပါသည်ယနေ့စာရင်းပိတ်သိမ်းပြီးမိသားစုအတွက်ထည့်ဝင်ထားသောအလှူငွေများကိုရှမ်းပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှတဆင့်မိသားစုထံပေးပို့လှူဒါန်းမည်ဖြစ်ပါကြောင်းသာဓုခေါ်နိုင်ရန်အသိပေးအပ်ပါသည်။

Vote NLD

Leave a Reply

Your email address will not be published. Required fields are marked *