Uncategorized

လပြည့်နေ့မှာ လျှောက်လည်ကြတဲ့ မြန်မာတွေရဲ့ စည်းကမ်းမဲ့အမှိုက်တွေကို လိုက်ကောက်ပြီး သန့်ရှင်းစေခဲ့တဲ့ Sinon Loresca

တော်ရုံအမျိုးသမီးတွေတောင် မလုပ်နိုင်တဲ့ ဒေါက်ဖိနပ်အမြင့်ကြီးတွေစီးပြီး Catwalk လျှောက်တတ်တဲ့ ဖိလစ်ပိုင်လူမျိုး Sinon Loresca ကတော့ သူ့ရဲ့ အမိုက်စား ဗီဒီယိုတွေကြောင့် တစ်ကမ္ဘာလုံးသိအောင် ထင်ရှားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ Sinon Loresca ကတော့ အလုပ်ကိစ္စတစ်ခုနဲ့ မြန်မာနိုင်ငံကို လာရောက်ခဲ့ရာမှ မြန်မာလူမျိုးတွေနဲ့ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့တာ အခုဆိုရင် တစ်နှစ်ကျော်တောင်ရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ နှလုံးသားလှပြီး ကြင်နာတတ်တဲ့ Sinon Loresca ကတော့ မြန်မာပြည်မှာနေပြီး အခက်အခဲဖြစ်နေသူတွေကို တတ်နိုင်သလောက် ကူညီပေးနေတဲ့ လူမျိုးခြားတစ်ယောက်ပါပဲ။

ဒီကနေ့မှာလည်း Sinon Loresca က တန်ဆောင်တိုင်လပြည့်နေ့မှာ လျှောက်လည်ကြတဲ့ မြန်မာတွေရဲ့ စည်းကမ်းမဲ့အမှိုက်တွေကို လိုက်ကောက်ခဲ့ရကြောင်း “တန်ဆောင်တိုင်လပြည့်နေ့ပီးတော့ လူတွေက အမှိုက်တွေကို ပီးစလွယ်နေရာအနှံ စွန့်ပစ်သွားကြတယ်။ ကျွန်တော် အမှိုက်ကောက်ဖို့မတိုက်တွန်းလိုပါဘူး။ ဒါပေမဲ့ နောက်တစ်ခါကျရင်တော့ အမှိုက်တွေကို သေချာစနစ်တကိအမှိုက်ပုံးတွေ ထဲစွှန့်ပစ်ကြဖို့မေတ္တာ ရပ်ခံပါတယ်ခင်ဗျာ။ သဘာ၀တရားကြီးကို လေးစားပါ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ!” ဆိုပြီး အမှိုက်တွေကို စည်းကမ်းတကျပစ်ဖို့ တိုက်တွန်းထားပါတယ်။

Sinon Loresca ကတော့ လူမျိုးခြားတစ်ယောက်ဖြစ်ပေမယ့် လမ်းပေါ်မှာ အမြင်မတော်ဖြစ်နေတဲ့ အမှိုက်တွေကို လိုက်ကောက်ပြီး သန့်ရှင်းစေခဲ့တာပဲ ဖြစ်ပါတယ်။ ကိုယ့်လူမျိုးမဟုတ်တဲ့ နိုင်ငံခြားသားတစ်ယောက်က ဒီလိုမျိုးလိုက်လုပ်ပေးနေတယ်ဆိုတာ တကယ့်ကို ရှက်စရာကောင်းတဲ့ ကိစ္စမို့ စည်းကမ်းရှိကြဖို့ တိုက်တွန်းပါရစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

ဆယ်လီကွန်နက်ရှင်
Swelsone News

Leave a Reply

Your email address will not be published. Required fields are marked *