Uncategorized

၁၀နှစ်နီးပါးတွဲလာတဲ့ချစ်သူရဲ့ Romantic ဆန်ဆန် လက်ထပ်ခွင့်တောင်းခံလိုက်ရတဲ့ အောန်ဆိုင်းရဲ့ ဗီဒီယို

ပရိသတ်ကြီးရေ ပုရိသတွေအသည်းကိုလှုပ်ခါသွားအောင် အမိုက်စားခန္ဓာကိုယ်ကောက်ကြောင်းလေးနဲ့မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲ မော်ဒယ်မင်းသမီးတစ်ယောက်ဖြစ်တဲ့အောန်ဆိုင်းကိုသိကြတယ်မယ်ထင်ပါတယ်နော်။ သူမဟာ ပြည်တွင်းမှာသာမက internationalထိထိုးဖောက်နိုင်တဲ့ စူပါမော်ဒယ်တစ်ယောက်ဆိုလည်းမှားမယ်မထင်ပါဘူးနော်။ ဒါ့ပြင် အောန်ဆိုင်းဟာ အားကစားလိုက်စားသူတစ်ယောက်လည်းဖြစ်ပြီး အမြဲလိုလိုတက်ကြွနေလေ့ရှိတဲ့သူပါ။

ဒီနေ့မှာတော့ အောန်ဆိုင်းက ချစ်သူဖြစ်ရဲ့ လက်ထပ်ခွင့်တောင်းခြင်းခံခဲ့ရတဲ့ အကြောင်းလေးပြောပြလာခဲ့ပါတယ်။ အောန်ဆိုင်းက “Happy sweet December everyone 🎉🌲🤍
ဒီဗီဒီယိုလေးတင်ဖို့စောင့်နေတာကြာပါပြီ ၊ ကိုးဗစ်ကြောင့် လူတိုင်းမပျော်နိုင်လို့ အောန်ဆိုင်းရဲ့ မင်္ဂလာသတင်းလေးကိုမတင်ဖြစ်သေးတာပါ ၊ ဒီနေ့တော့နှစ်ကုန်လည်းဖြစ် အော်န်ရဲ့ မွေးလလေးလည်းဖြစ်လို့ အားလုံးဝမ်းသာရအောင်တင်လိုက်ပါတယ်နော် 😇
ကျွန်မရဲ့ ဘဝလက်တွဲဖော်ကိုအားလုံးနဲ့ သေချာမိတ်ဆက်ပေးချင်ပါတယ် ၊ သူ့နာမည်က CARL ( ဖုန်းကျော်မိုးမြင့်ပါ) ။

ဒီဗီဒီယိုလေးက မေလ၂၃ တည်းကရိုက်ထားတာပါ ၊ CARL ရဲ့ surprise proposal လေးကအရမ်းကို sweet ဖြစ်ပါတယ် ၊ ကျွန်မ မသိအောင်သူကြိတ်ပြီး plan ထားတာတော်တော်ကြာပြီပြောပါတယ် ၊ အဲ့နေ့ အမှတ်တရလေးကိုပြောပြမယ်နော် ၊
Carl က ငါးမျှားတဲ့ Vlog လေးရိုတ်ချင်လို့ ဝင်ရိုက်ပေးပါ ဆိုပြီး အော်န်ကိုပြောထားပေမဲ့ အဲ့နေ့ကသူကသူငယ်ချင်းတွေ၊ ဆွေမျိုး၊ မောင်နှမ၊ မိဘ အကုန်လုံးကြိုခေါ်ထားပါတယ် ၊ အကုန်လုံးကပုန်းနေကြတာပေါ့ ၊ ကျွန်မ အတွက် လက်စွပ်လေးစီစဉ်တာက အမေအရင်းသဖွယ် ချစ်ရတဲ့ mommy ကိုယ်တိုင်ရွေးပြီး လက်စွပ်အကြောင်းပြောပြတဲ့ အင်တာဗျူးလေးကတော့ ကျွန်မအတွက်တန်ဖိုး မဖြတ်နိုင်တဲ့ အမှတ်တရပါပဲ ၊ 😭😍
မေ ၂၃ မှာတော့ ငါးမျှားရင်းနဲ့ ငါးမိပြီဆိုပြီး လက်စွပ်နဲ့ Carl ရဲ့ လက်ထက်ခွင့်တောင်းချိန်မှာတော့ ကျွန်မအတွက် ဝမ်းသာ အံ့ဩပြီး မျက်ရည်တောင်ကျခဲ့ပါတယ် ၊ သူ့အတွက်တော့ အကြီးမားဆုံး ငါးကြီးမိပြီဆိုပြီး အဲ့ video လေးကို “The Greatest catch “လို့ နာမည်ပေးဖြစ်သွားတာပါ ။

ကျွန်မက Yes လို့ ဖြေပြီးချိန်မှာတော့ ခုနက ပုန်းနေတဲ့ သူတွေအားလုံး ဘွားခနဲပေါ်လာပြီး တူတူပျော်ရွှင်ကြပါတယိ ၊
ဒီလို ၂ ယောက်အတူလျောက်လှမ်းမဲ့ ဘဝခရီးကိုအမှတိတရပေါင်းများစွာနဲ့ ဖန်တီးပေးတဲ့ လက်တွဲဖော် the love of my life Carl ကိုကျေးဇူးတင်ပါတယ် ၊ အကောင်းဆုံးဆုတောင်းတွေနဲ့ အဖေအရင်း အကိုအရင်းသဖွယ် ကြိုဆိုကြတဲ့ Dada နဲ့ ကိုစည်သူကိုလည်း ကျွန်မအတွက်တော့ ဘုရားသခင်ကောင်းချီးပေးခြင်းပါ ၊ အဲ့နေ့က အချိန်ပေးလာရောက် ပါဝင်ပေးကြတဲ့ သူငယ်ချင်းမိတ်ဆွေအားလုံးအားလုံးကိုကျေးဇူးတင်ပါတယ် ၊ ကျွန်မနဲ့ Carl ရဲ့ရှေ့ဆက်ရမဲ့ ဘဝခရီး ကို အကောင်းဆုံးလျောက်လှမ်းဖို့ ပြငိဆင်နေပါတယ် ၊ အောန်ကိုချစ်တဲ့ ပရိတ်သတ်ကြီးလည်း တူတူ ဝမ်းသာရအောင် တင်ပေးလိုကါပါတယ်နော် 😇။ပျော်ရွှင်ခြင်း ဝမ်းမြောက်ခြင်းတွေ သယ်ဆောင်လာပေးမဲ့ December လလေးဖြစ်ပါစေ… 🙏🏼🌲♥️Love Awn 🤍 Phone Kyaw Moe Myint” ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးအတွက် ချစ်သူရဲ့ ရိုဆန်ဆန်လက်ထပ်ခွင့်တောင်းခံလိုက်ရတဲ့ အောန်ဆိုင်းရဲ့ ဗီဒီယိုဖိုင်လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးခဲ့ကြတဲ့ ပရိသတ်ကြီးကိုကျေးဇူးတင်ပါတယ်နော်။

Video ကြည့်ရန်

Swelsone News

Leave a Reply

Your email address will not be published. Required fields are marked *