Uncategorized

ထက်ထက်မိုးဦးရဲ့တူမချောလေး နန်းထက်ထက်ဦးနဲ့ သီချင်းသစ် MV တစ်ပုဒ်ကို အတူတူတွဲဖက်ရိုက်ကူးခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်

သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦးရဲ့ တူမ အလှမယ် နန်းထက်ထက်ဦးကတော့ မန္တလေးမြို့မှာ ပြုလုပ်တဲ့ Miss Golden Land Mandalay Region 2016 ပြိုင်ပွဲမှာ 1st Runner Up ဆုရှင်တစ်ယောက်ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ နန်းထက်ထက်ဦးကတော့ လက်ရှိမှာလည်း မော်ဒယ်လ်၊ သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ခံယူနေဆဲပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း နန်းထက်ထက်ဦးက အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ “သနားသောအားဖြင့်” ဆိုတဲ့ သီချင်း MV လေးမှာ ပါဝင်သရုပ်ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်နဲ့ နန်းထက်ထက်ဦးတို့ သနားသောအားဖြင့်” ဆိုတဲ့ သီချင်း MV လေးမှာ ဘယ်လိုမျိုး တွဲဖက်ညီညီ သရုပ်ဆောင်ခဲ့ပြီး ရိုက်ကွင်းနောက်ကွယ်မှာ ဘယ်လိုတွေ ကြိုးစားခဲ့လဲဆိုတာ ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

နန်းထက်ထက်ဦးကတော့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်း MV မှာ သီချင်းလေးနဲ့ လိုက်ဖက်အောင် အကောင်းဆုံး ကြိုးစားသရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် နန်းထက်ထက်ဦးပါဝင်သရုပ်ဆောင်ထားတဲ့ “သနားသောအားဖြင့်” MV လေးကို မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Video ကြည့်ရန်

ဆယ်လီကွန်နက်ရှင်
Swelsone News

Leave a Reply

Your email address will not be published. Required fields are marked *