Uncategorized

ထက်ထက်မိုးဦးဆီက အနီးကပ်ပညာတွေသင်ယူရင်းနဲ့ တန်ဖိုးကြီးကား (၆၂) စီးတောင် ရောင်းချပေးနိုင်ခဲ့တယ်ဆိုတဲ့ အုပ်စိုးခန့်

ဆယ်ကျော်သက် ကောင်မလေးတွေ သည်းသည်းလှုပ်အားပေးကြတဲ့ အဆိုတော်လေး အုပ်စိုးခန့်ကတော့ သူကိုယ်တိုင်လည်း အသက်အရွယ် ငယ်ရွယ်သေးပေမယ့် အလုပ်တစ်ခုကို တစိုက်မတ်မတ်နဲ့ အာရုံစိုက်လုပ်ကိုင်တတ်တာကြောင့် အောင်မြင်မှုတွေ ရရှိနေပြီပဲ ဖြစ်ပါတယ်။ အုပ်စိုးခန့်ကတော့ အဆိုတော်တစ်ယောက်အပြင် သရုပ်ဆောင်တစ်ယောက်အဖြစ်ပါ လုပ်ကိုင်နေပြီး ဇာတ်လမ်းတွဲနဲ့ ကြော်ငြာတွေမှာ ပါဝင်သရုပ်ဆောင်ပေးနေတာ ပရိသတ်ကြီး သတိထားမိကြမယ် ထင်ပါတယ်။ အုပ်စိုးခန့်ကတော့ (၁၈) နှစ်ဆိုတဲ့ အရွယ်လေးမှာတင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောင်မြင်သူလူငယ်လေးတစ်ယောက် ဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။

အနုပညာအလုပ်အပြင် ဘယ်အလုပ်ကိုမဆို ကြိုးစားသင်ယူတတ်တဲ့ အုပ်စိုးခန့်ကတော့ မနေ့က နိုဝင်ဘာလ (၃၀) ရက်နေ့မှာ နိုင်ငံကျော် မင်းသမီးကြီး ထက်ထက်မိုးဦးနဲ့အတူတူ နာမည်ကြီး အမှတ်တံဆိပ်ကားတွေကို အွန်လိုင်းကနေ ရောင်းချပေးခဲ့တာပဲ ဖြစ်ပါတယ်။ အုပ်စိုးခန့်ကတော့ ထက်ထက်မိုးဦးဆီက ပညာတွေသင်ယူရင်းနဲ့ပဲ ကြိုးစားရောင်းချပေးခဲ့ရာ တန်ဖိုးကြီးကား (၆၂) စီးတောင် ရောင်းချပေးနိုင်ခဲ့တယ်လို့ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုပဲ ဆိုထားပါတယ်။

အုပ်စိုးခန့်ကတော့ ကြော်ငြာဘုရင်မ ထက်ထက်မိုးဦးဆီက အနီးကပ်ပညာတွေရခဲ့ပြီးနောက် သူကိုယ်တိုင်ရော ကြော်ငြာလောကမှာ လွှမ်းမိုးမှုရှိလာဦးမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ ပရိသတ်ကြီးလည်း တန်ဖိုးကြီးကား (၆၂) စီးတောင် ရောင်းချပေးနိုင်ခဲ့တဲ့ ထက်ထက်မိုးဦးနဲ့ အုပ်စိုးခန့်တို့ရဲ့ စွမ်းရည်ကို အံ့သြနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

ဆယ်လီကွန်နက်ရှင်
Swelsone News

Leave a Reply

Your email address will not be published. Required fields are marked *