အိမ်ရှေ့စံ ကနောင်မင်းသား ၏ မြစ်တော် ရတနာ နတ်မယ် ခေါ် June Rose Bellamy သည် ဒီဇင်ဘာလ ၁ ရက်တွင် ကွယ်လွန်သွားခဲ့ကြောင်း ကို ၄င်း၏ သားဖြစ်သူ Mr. Michele Bellamy Postiglione ၏ လူမှုကွန်ယက်တွင် ရေးသားထားချက်အရ သိရပါတယ်။
ကွယ်လွန်ချိန်တွင် အသက် ၈၈ နှစ် အရွယ်ရှိပြီ ဖြစ်ကာ နောက်ပိုင်းနှစ်များတွင် အီတလီနိုင်ငံ ၌ နေထိုင်ခဲ့ခြင်း ဖြစ်သည်။ ရတနာ နတ်မယ်သည် အိမ်ရှေ့စံကနောင်မင်း ၏ မြစ်တော် နှင့် လင်းပင်မင်းသား၏ မြေးတော် ဖြစ်ကာ ထိပ်တင်မလတ် နှင် မစ္စတာဘယ်လမီ တို့၏ သမီးတော် ဖြစ်ကြောင်း မြန်မာ တော်ဝင်အနွယ်တော်များ အစည်းအရုံး (MRDA) ထံက သိရပါတယ်။
ရတနာနတ်မယ်သည် ပထမအိမ်ထောင်ဖြစ်သည့် ဆရာဝန် Mario Lucia Postiglione နှင့် ကွာရှင်းပြီးနောက် နိုင်ငံတော် သမ္မတ အဖြစ် ဦးနေဝင်းတာဝန်ယူနေစဥ် ၄င်း နှင့် ဒုတိယ အိမ်ထောင် ပြုခဲ့ပြီး ကွာရှင်းပြတ်စဲခဲ့ပါတယ်။
ဦးနေဝင်းနှင့် လက်ထပ်ထိမ်းမြားခဲ့သော မှတ်တမ်း
ဦးနေဝင်း
zawgyi
အိမ္ေရွ႕စံ ကေနာင္မင္းသား ၏ ျမစ္ေတာ္ ရတနာ နတ္မယ္ ကြယ္လြန္
အိမ္ေရွ႕စံ ကေနာင္မင္းသား ၏ ျမစ္ေတာ္ ရတနာ နတ္မယ္ ေခၚ June Rose Bellamy သည္ ဒီဇင္ဘာလ ၁ ရက္တြင္ ကြယ္လြန္သြားခဲ့ေၾကာင္း ကို ၄င္း၏ သားျဖစ္သူ Mr. Michele Bellamy Postiglione ၏ လူမႈကြန္ယက္တြင္ ေရးသားထားခ်က္အရ သိရပါတယ္။
ကြယ္လြန္ခ်ိန္တြင္ အသက္ ၈၈ ႏွစ္ အ႐ြယ္ရွိၿပီ ျဖစ္ကာ ေနာက္ပိုင္းႏွစ္မ်ားတြင္ အီတလီႏိုင္ငံ ၌ ေနထိုင္ခဲ့ျခင္း ျဖစ္သည္။ ရတနာ နတ္မယ္သည္ အိမ္ေရွ႕စံကေနာင္မင္း ၏ ျမစ္ေတာ္ ႏွင့္ လင္းပင္မင္းသား၏ ေျမးေတာ္ ျဖစ္ကာ ထိပ္တင္မလတ္ ႏွင္ မစၥတာဘယ္လမီ တို႔၏ သမီးေတာ္ ျဖစ္ေၾကာင္း ျမန္မာ ေတာ္ဝင္အႏြယ္ေတာ္မ်ား အစည္းအ႐ုံး (MRDA) ထံက သိရပါတယ္။
ရတနာနတ္မယ္သည္ ပထမအိမ္ေထာင္ျဖစ္သည့္ ဆရာဝန္ Mario Lucia Postiglione ႏွင့္ ကြာရွင္းၿပီးေနာက္ ႏိုင္ငံေတာ္ သမၼတ အျဖစ္ ဦးေနဝင္းတာဝန္ယူေနစဥ္ ၄င္း ႏွင့္ ဒုတိယ အိမ္ေထာင္ ျပဳခဲ့ၿပီး ကြာရွင္းျပတ္စဲခဲ့ပါတယ္။
ဦးေနဝင္းႏွင့္ လက္ထပ္ထိမ္းျမားခဲ့ေသာ မွတ္တမ္း
ဦးေနဝင္း