ကျစ်လစ်သွယ်လျတဲ့ ကိုယ်လုံးလေးကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကြောင့် ပရိသတ်တွေ ချစ်မဝ ဖြစ်နေရသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး စံရတီမိုးမြင့်ပဲ ဖြစ်ပါတယ်။ သူမဟာ ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာလောကမှာ အောင်မြင်မှုမှတ်တိုင်တစ်ခု စိုက်ထူထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားများတွင်လည်း ကာရိုက်တာမျိုးစုံကို ပီပြင်ပိုင်နိုင်အောင် သရုပ်ဆောင်နိုင်တာကြောင့်လည်း ဝါရင့်အနုပညာရှင်များကတောင် ချီးကျုးနေကြတာပဲ ဖြစ်ပါတယ်။
သဲဟာ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေ မရှိသေးဘဲ အိမ်မှာဘဲ အပန်းဖြေ အနားယူနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ အဆက်သွယ် မပြတ်အောင်လို့လည်း live လွှင့်ကာ ရင်းရင်းနှီးနှီးစကားပြောလေ့ရှိတာလည်း ဖြစ်ပါတယ်။ မနေ့ညကလည်း ပရိသတ်တွေသိချင်နေတဲ့ သူမရဲ့ အချစ်ရေးအကြောင်းကို ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။
ဒါကတော့ ချစ်သူသက်တမ်း(၁၀) လပြည့်တဲ့နေ့လေးမှရည်းစားရှိကြောင်းပရိသတ်တွေကိုတရားဝင်အသိပေးလိုက်တာပဲ ဖြစ်ပါတယ်။ စံရတီမိုးမြင့်က သူမရဲ့ Facebook Story တွင် ” Happy 10 monthsary Ko Ko “ ဆိုပြီးရေးထားတဲ့ ပုံလေးတင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း သဲရဲ့အချစ်ရေးသတင်းလေးကို သိရှိနိုင်အောင် တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Swelsone News