Uncategorized

မှော်ဘီမှာရှိတဲ့ခင်လှိုင်ရဲ့ခြံကြီးဆီကို တစ်ညအိပ်သွားရောက်ပြီး ချစ်ညီအစ်ကိုတွေနဲ့ တပျော်တပါးစားသောက်ခဲ့တဲ့ မြင့်မြတ်ရဲ့ဗီဒီယို

မြင့်မြတ်ကတော့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်ပြီး အနုပညာလောကမှာ ပရိသတ်တွေရဲ့အားပေးမှုကို အများဆုံးရရှိထားသူတစ်ဦး ဖြစ်ပါတယ် ။ မသိသူမရှိလောက်အောင် အောင်မြင်နေတဲ့ မြင့်မြတ်က မာန်မာနကင်းစင်ပြီး ဖော်ရွေလွန်းလို့ ပရိသတ်တွေကပိုချစ်ရတာ ဖြစ်ပါတယ် ။ ဒါ့အပြင် မြင့်မြတ်က အားလုံးအပေါ်မှာ ရင်းရင်းနှီးနှီးဆက်ဆံလေ့ရှိသလို ပျော်ပျော်လည်းနေတတ်တာကြောင့် လူချစ်လူခင်ပေါများနေတာ ဖြစ်ပါတယ် ။

မြင့်မြတ်က ချစ်ဇနီးနဲ့သားလေးကို အလေးထားပြီး ဂရုတစိုက်ချစ်ပေးတတ်တဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဆိုရင်လည်း မမှားပါဘူးနော် ။ မြင့်မြတ်ကအနုပညာလောကသားတွေနဲ့ဆိုရင်လည်း ညီအစ်ကိုမောင်နှမတွေပမာ ခင်မင်ရင်းနှီးနေတာပဲ ဖြစ်ပါတယ် ။ ဒါကြောင့် ပြီးခဲ့တဲ့တန်ဆောင်မုန်းလပြည့်ညမှာ မြင့်မြတ်က သူနဲ့အရမ်းခင်တဲ့ ခင်လှိုင့်ဆီကို အလည်တစ်ခေါက်သွားရောက်ပြီး ပျော်ခဲ့တာ ဖြစ်ပါတယ်။

မြင့်မြတ်က K ညီ၊ ထူးခြားတို့နဲ့အတူ မှော်ဘီမှာရှိတဲ့ ဦးခင်လှိုင်ရဲ့ခြံကြီးမှာ တစ်ညအိပ်ခဲ့တာဖြစ်ပြီး ပျော်ပျော်ပါးပါး စားသောက်ခဲ့တာပဲ ဖြစ်ပါတယ် ။ အခုတော့ မြင့်မြတ်က “ကျွန်တော်တို့ညီအစ်ကိုတွေ ပျော်ရွှင်စွာဖြတ်သန်းခဲ့တဲ့ ပုံရိပ်လေးကို ချစ်ပရိသတ်များလည်း ကျွန်တော်နဲ့ထပ်တူပျော်ရွှင်ရအောင် တင်ဆက်ပေးလိုက်ပါတယ် ခင်ဗျာ… ” ဆိုပြီး ဗီဒီယိုလေးကို တင်ပေးထားတာ ဖြစ်ပါတယ် ။ ကဲ ဦးခင်လှိုင်ရဲ့ခြံကြီးထဲမှာ တန်ဆောင်မုန်းလပြည့်ညကိုဖြတ်သန်းခဲ့တဲ့ မြင့်မြတ်တို့သူငယ်ချင်းတစ်စုရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Video ကြည့်ရန်

Swelsone News

Leave a Reply

Your email address will not be published. Required fields are marked *