Uncategorized

Live လွှင့်နေတုန်း ပရိသတ်တွေကမိန်းမကိုပြခိုင်းတာကြောင့် မိန်းမမသိအောင် ကင်မရာကိုလှည့်ပြမိရင်း အဆူခံလိုက်ရတဲ့ မြင့်မြတ်ရဲ့ဗီဒီယို

သရုပ်ဆောင်မင်းသားချော မြင့်မြတ်ကတော့ မာန်မာနကင်းပြီး ဖော်ရွေတတ်သူဖြစ်လို့ ပရိသတ်တွေက ဝိုင်းချစ်နေရတာဖြစ်ပါတယ် ။ ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ မြင့်မြတ်က ဗီဒီယိုတွေ၊ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေမနားတမ်းရိုက်ကူးပြီး အောင်မြင်နေတာလည်း ဖြစ်ပါတယ် ။ မြင့်မြတ်အနေနဲ့ အနုပညာအလုပ်တွေကို ကြိုးစားပမ်းစားလုပ်ကိုင်ခဲ့တာကြောင့် အကယ်ဒမီဆုကိုလည်း ထိုက်ထိုက်တန်တန် ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

မြင့်မြတ်က အရမ်းကိုချောမောလှပတဲ့ချစ်ဇနီးလေးနဲ့အိမ်ထောင်ကျပြီး သားလေးတစ်ယောက် ထွန်းကားခဲ့တာ ဖြစ်ပါတယ် ။ မြင့်မြတ်က ချစ်ဇနီးနဲ့သားအပေါ်မှာ အစစအရာရာ တာဝန်ကျေပွန်ပြီး အိမ်ထောင်ဦးစီးကောင်းပီသစွာ ကာကွယ်စောင့်ရှောက်ပေးနေတာလည်း ဖြစ်ပါတယ် ။ မနေ့ညကတော့ မြင့်မြတ်က သူ့ရဲ့Facebook Page ကနေ Live လွှင့်ပြီး ပရိသတ်တွေနဲ့စကားတွေ တစ်ဝကြီးပြောခဲ့တာ ဖြစ်ပါတယ် ။

မြင့်မြတ်က ချစ်ဇနီးကိုယ်တိုင်ကြော်ကျွေးတဲ့ ဝက်ပင်စိမ်းနဲ့ထမင်းကိုလည်း အားရပါးရစားပြခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် ပရိသတ်တွေက မိန်းမကိုပြဖို့ တောင်းဆိုတာကြောင့် မြင့်မြတ်က မိန်းမမသိအောင် ကင်မရာကိုလှည့်ပြလိုက်ရင်း အဆူခံလိုက်ရသေးတာလည်း ဖြစ်ပါတယ် ။ ကဲ ဟန်ဆောင်မှုမရှိဘဲ ပျော်ပျော်နေတတ်တဲ့ မင်းသားချော မြင့်မြတ်ရဲ့Live ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Video ကြည့်ရန်

Swelsone News

Leave a Reply

Your email address will not be published. Required fields are marked *