Uncategorized

ချစ်ရသူပေးတဲ့ နှင်းဆီပန်းစည်းကြီးကြောင့် ကြည်နူးပျော်ရွှင်နေတဲ့ အိချောပို

ပရိသတ်ကြီးရေ.. စူစူလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချောလေး အိချောပိုကတော့ သဘာဝကျတဲ့ဇာတ်ရုပ်တွေနဲ့ သရုပ်ဆောင်ကောင်းသလို ကျော့ရှင်းတဲ့လှပမှုတွေနဲ့အတူ ဆွဲဆောင်မှုရှိစွာ လှရက်လွန်းသူလေးပဲ ဖြစ်ပါတယ်နော်..။ စူစူလေးကတော့ အနုပညာလောကမှာ ပရိသတ်တွေနဲ့ အခိုင်အမာရပ်တည်အောင်မြင်နေသလို အချိုးအစားကျပြီး ညို့အားပြင်းလွန်းတဲ့ ကောက်ကြောင်းအလှတွေကလည်း ပုရိသပရိသတ်တွေကြား အမြဲရေပန်းစားအောင်မြင်နေတာပါနော်..။

ပရိသတ်အချစ်တော်လေး စူစူဟာ သူမရဲ့လှုပ်ရှားမှုလေးတွေကို အမြဲမျှဝေလေ့ရှိသလို ဒီကနေ့လေးမှာလည်း ချစ်ရသူပေးတဲ့ နှင်းဆီပန်းစည်းကြီးတွေကြောင့် ပျော်နေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေလာပါတယ်နော်..။ ဆွဲဆောင်မှုရှိပြီး အချိုးအစားကျတဲ့ပင်ကိုယ်အလှတွေပေါ်လွင်နေတဲ့ အနီရောင်ဖက်ရှင်လေးနဲ့ ညို့အားပြင်းစွာ လိုက်ဖက်လွန်းပြီး နှင်းဆီနီနီ ပန်းစည်းကြီးကို ကိုင်ကာပျေည်နေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကတော့ တကယ်ကို ချစ်စရာလေးပါပဲနော်..။

“အချစ်က အနီရောင်လေးဆို … ♥️..”ဆိုပြီး နှင်းဆီပန်းစည်းကြီးကို ကိုင်ပြီး ပျော်နေတဲ့ သူမရဲ့ချစ်စရာပုံရိပ်လေးတွေကို စူစူလေးက ဝေမျှထားတာဖြစ်ပြီး ပရိသတ်တွေကလည်း သဘောကျနေကြတဲ့အကြောင်းလေးတွေ ပြောထားကြတာ တွေ့ရပါတယ်နော်..။ ကဲ.. ဒီကနေ့လေးမှာတော့ နှင်းဆီနီနီပန်းစည်းတွေနဲ့အတူ ပျော်နေတဲ့ မင်းသမီးချောလေးအိချောပိုရဲ့ ပုံရိပ်လေးတွေကို အားလုံးအတွက် တင်ဆက်ပေးလိုက်တာမို့ မှတ်ချက်လေးတွေနဲ့ အားပေးစကားလေးတွေလည်း ပြောပေးသွားဖို့ မမေ့ကြနဲ့ဦးနော်..။

Swelsone News

Leave a Reply

Your email address will not be published. Required fields are marked *