Uncategorized

ချစ်ခင်ပွန်းနဲ့ သူငယ်ချင်းတွေရဲ့ Surprise ကြောင့် Baby Shower ပွဲလေးကို ပျော်ရွှင်စွာဖြတ်သန်းခဲ့ရတဲ့ မိုးယုစံ

သရုပ်ဆောင် မိုးယုစံကတော့ Miss Now How ဆုရှင်တစ်ယောက်အဖြစ် လူသိများကျော်ကြားလာခဲ့ပြီးနောက် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။ မိုးယုစံက ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး နှင်းဆီအဖွဲ့ရဲ့ ပင်တိုင်စံမင်းသမီးလေးအဖြစ် ဆောင်ရွက်နေသူတစ်ယောက်ဆိုလည်း မမှားပါဘူး။ အခုဆိုရင် မိုးယုစံက အိမ်ထောင်ကျပြီး မိခင်တစ်ယောက်ဖြစ်နေပြီဆိုပေမယ့် အနုပညာလောမှာတော့ အောင်မြင်မှုကို ရေရှည်ထိန်းသိမ်းထားနိုင်ဆဲ မင်းသမီးတစ်လက် ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ မိုးယုစံက ချစ်ခင်ပွန်းနဲ့ သူငယ်ချင်းတွေကြောင့် ပျော်ရွှင်ခဲ့ရတဲ့ ကြည်နူးမှုလေးတစ်ခုကို အခုလိုပဲ မျှဝေပေးလာပါတယ်။ မိုးယုစံက “Baby Shower ပွဲလေးကို သတိတရနဲ့ ကျင်းပပေးတဲ့ အမတွေအကိုတွေနဲ့အတူ ချစ်ယောက်ျားကိုလည်းကျေးဇူးတင်ပါတယ် ကိုယ့်တွက်သူများကစီစဉ်ပီးလုပ်ပေးတာ တခါမှမရှိခဲ့တော့ ခုလို သူငယ်ချင်းလို အမတွေရတာကလည်းကံကောင်းခြင်းတစ်ခုပါပဲ ❤️❤️❤️

“သူငယ်ချင်းလေးကလျာနဲ့ လွန်ခဲ့တဲ့ ၄လလောက်က ဖုန်းပြောတော့ ငါ့မှာသူငယ်ချင်းလည်းမရှိ လုပ်ပေးမဲ့သူလည်းမရှိ ဘာဖြစ်ဖြစ်ကိုယ့်ဘာသာပဲ လုပ်မှ စီစဉ်မှရတာလို့ပြောတော့ နင့်ကိုငါလုပ်ပေးမယ်ပြောထဲက ဝမ်းသာပြီးမျက်ရည်တောင်ကျမိတာ အဲ့ဒါကိုသတိတရနဲ့ ဦးဆောင်ပီးလုပ်ပေးတာ အရမ်းချစ်ဖို့ကောင်း ကျန်တဲ့အမတွေကလည်း ကိုယ့်ကိုချစ်ကြတာ ပွဲလေးကိုလုပ်ပေးကြတာသိရတော့ အရမ်းဝမ်းသာတာပဲ ❤️❤️❤️

“မိန်းမကို surprise မလုပ်တတ် လုပ်တတ်နဲ့ မလိမ်တတ်လို့ ဒီကသိသွားပေမဲ့ surprise က surprise ပါပဲလို့😜 ချစ်ယောက်ျားကိုလည်း အရမ်းချစ်ပါတယ်လို့ နောက်လည်း များများချစ်ပေးပါလို့❤️❤️❤️ ပုံလှလှလေးတွေကိုအမြဲ ရိုက်ကူးပေးတဲ့ ပုံတွေဆို အများကြီးကိုအမြန်လုပ်ပေးတဲ့ အကိုနဲ့အမ Sanda Moe Swe (MY DREAM One Stop WeddingService)ကျေးဇူးတင်ပါတယ် ❤️❤️❤️အကျီဆိုလည်းအမြဲ လိုချင်တာကိုအမြန်လုပ်ပေးတဲ့ အမ May Myat Waso HappyHeartကျေးဇူးတင်ပါတယ်❤️❤️❤️” ဆိုပြီး ပြောလာပါတယ်။

မိုးယုစံကတော့ သူမရဲ့ ဒုတိယမြောက် ရင်သွေးလေးအတွက် Baby Shower ပွဲလေးကို ကြည်နူးပီတိတွေနဲ့ ဖြတ်သန်းခွင့်ရခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မိုးယုစံရဲ့ ဓာတ်ပုံလေးတွေကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

ဆယ်လီကွန်နက်ရှင်
Swelsone News

Leave a Reply

Your email address will not be published. Required fields are marked *