Uncategorized

ပါရဂူဘွဲ့တွေရရှိပြီး နိုင်ငံခြားမှာတာဝန်ကျနေတဲ့ ဒေါက်တာချောချောလေးနဲ့ချစ်သူဖြစ်ပြီးမှ အပြင်းအထန်ဝေဖန်ခံနေရတဲ့ မေမီကိုကို

မင်းသမီးချောလေး မေမီကိုကိုကတော့ ရုပ်သံဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့တဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ် ။ မေမီကိုကိုက ယနေ့အချိန်အထိတိုင်အောင် ဇာတ်လမ်းတွဲတွေ အများအပြားရိုက်ကူးခဲ့ရပြီး ဇာတ်ရုပ်မျိုးစုံကို သဘာဝကျကျဖန်တီးနိုင်ခဲ့တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်လို့လည်း ဆိုနိုင်ပါတယ်နော်။ မေမီကိုကိုက “ပျားရည်အိုင်၊ တတိယမြောက်ဆုံမှတ်၊ လိပ်ပြာနှောင်ကြိုး၊ ဂျီဟောသူ” စတဲ့ဇာတ်လမ်းတွဲလေးတွေနဲ့ ပိုမိုအောင်မြင်ခဲ့တာ ဖြစ်ပါတယ် ။

ဒါ့အပြင် မေမီကိုကိုက “ပလေယာ” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သေးတာ ဖြစ်ပါတယ် ။ အေးအေးဆေးဆေးနေတတ်တဲ့ မေမီကိုကိုက မကြာသေးခင်ရက်ပိုင်းကပဲ သူမရဲ့ချစ်သူလေးကို အလင်းပြလိုက်တာ ဖြစ်ပါတယ် ။ မေမီကိုကိုရဲ့ချစ်သူလေးကတော့ ပါရဂူဘွဲ့တွေရရှိထားပြီး အမေရိကန်နိုင်ငံရှိဆေးရုံတစ်ခုမှာ တာဝန်ထမ်းဆောင်နေရတဲ့ ဆရာဝန်တစ်ဦးပဲ ဖြစ်ပါတယ် ။ အချစ်ရေးနဲ့ပတ်သက်ပြီး ဖွင့်ချပြလိုက်တဲ့ မေမီကိုကိုတစ်ယောက်ကတော့ အခုဆိုရင် ဝေဖန်မှုတွေကို ခံနေရတာလည်း ဖြစ်ပါတယ် ။

ဒီနေ့မှာလည်း မေမီကိုကိုက ” So sad နော် ပြောချင်ရင်လည်း reply ပြန်တာလေးတော့စောင့်ဦးလေ ဘာတွေ အဲ့လောက်ကြောက်နေတာလဲ အကောင့်တုနဲ့ဘလော့ပြီး အကောင့်အစစ်နဲ့ပြန်ကြည့်မယ့်အစ်မအတွက်” ဆိုပြီး သူမရဲ့Chat box အထိ လာရောက်ပြောဆိုထားတဲ့လူတစ်ဦးရဲ့စာတွေကို ပြသလိုက်တာပဲ ဖြစ်ပါတယ် ။မေမီကိုကိုရဲ့အချစ်ရေးက တည်တည်ငြိမ်ငြိမ်ရှိနေပေမယ့်လည်း ဝေဖန်တိုက်ခိုက်သူတွေက သူမကို အပြင်းအထန်ပြောဆိုထားကြတာ ဖြစ်ပါတယ် ။ ဒေါက်တာချောချောလေးနဲ့ ချစ်သူဖြစ်ပြီးမှ ဝေဖန်ခံလိုက်ရကြောင်း ပြောပြလာတဲ့ မေမီကိုကိုရဲ့စာလေးတွေကို ပုံနဲ့တကွ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Swelsone News

Leave a Reply

Your email address will not be published. Required fields are marked *