Uncategorized

ပရိသတ်တွေတောင်းဆိုတဲ့အတိုင်း စည်သူဝင်းက သဇင်ထူးမြင့်ကိုချစ်တယ်ပြောခဲ့ရပြီး အောင်မင်းခန့်က ယွန်းယွန်းကိုဖက်ပြခဲ့ရတဲ့ဗီဒီယိုလေး

မင်းသမီးချောလေး သဇင်ထူးမြင့်ကတော့ အကယ်ဒမီရွှေကြိုအဖြစ် စတင်လုပ်ကိုင်ခဲ့ပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်လာရတာပဲ ဖြစ်ပါတယ် ။ ဖေဖေခင်လှိုင့်ဆီကနေ အနုပညာသွေးအပြည့်ပါလာခဲ့တဲ့ သဇင်ထူးမြင့်က အရည်အချင်းရှိပြီး အလုပ်လုပ်တဲ့နေရာမှာ တကယ့်ကိုတော်သူလေး တစ်ယောက်ပါပဲနော်။ သဇင်ထူးမြင့်က သီချင်းဗီဒီယိုတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ရသလို ကြော်ငြာနဲ့ Photo Shooting တွေလည်း မနားတမ်းရိုက်ကူးနေရတာ ဖြစ်ပါတယ် ။

လက်ရှိမှာတော့ သဇင်ထူးမြင့်က Double Dating ဆိုတဲ့အစီအစဥ်လေးမှာ သိန်းလင်းစိုး၊ အောင်မင်းခန့်၊ စည်သူဝင်း၊ ယွန်းယွန်းတို့နဲ့အတူ ပါဝင်ရိုက်ကူးနေရတာ ဖြစ်ပါတယ် ။ သဇင်ထူးမြင့်နဲ့ ယွန်းယွန်းတို့က ငယ်ငယ်ကတည်းက ရင်းနှီးခဲ့ကြသလို အနုပညာအလုပ်တွေလုပ်ကိုင်ရင်းနဲ့ တကယ့်ညီအစ်မအရင်းတွေပမာ ချစ်ခင်သွားကြတာလည်း ဖြစ်ပါတယ် ။ ဒီနေ့မှာတော့ သဇင်ထူးမြင့်က Double Dating အဖွဲ့သားတွေနဲ့အတူ Live လွှင့်ပြီး ဂိမ်းတွေပျော်ပျော်ပါးပါး ကစားပြခဲ့တာ ဖြစ်ပါတယ်။

ရှုံးတဲ့သူခိုင်းတာလုပ်ကြေးကစားတဲ့အခါမှာတော့ သဇင်ထူးမြင့်တို့အဖွဲ့လေးက ပရိသတ်တွေ တောင်းဆိုတဲ့အတိုင်း လုပ်ပြခဲ့ရတာ ဖြစ်ပါတယ် ။ စည်သူဝင်းနဲ့ သဇင်ထူးမြင့်တို့က တစ်ယောက်လက်ကိုတစ်ယောက် အပြန်အလှန်ကိုင်ပြီး ချစ်တယ်ပြောခဲ့ရသလို အောင်မင်းခန့်ကလည်း ယွန်းယွန်းကို (၅)စက္ကန့်တိတိ ဖက်ပြခဲ့ရတာလည်း ဖြစ်ပါတယ်။ ကဲ အရမ်းရယ်ရသလို ပျော်စရာလည်းကောင်းတဲ့ သဇင်ထူးမြင့်တို့အဖွဲ့လေးရဲ့Live ဗီဒီယိုကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Video ကြည့်ရန်

Swelsone News

Leave a Reply

Your email address will not be published. Required fields are marked *