Uncategorized

ဗုဒ္ဓဟူးနေ့ နေ့လည် (၂)နာရီမှာ ပို့ဆောင်မယ် ဆိုတဲ့ ဟာသ သရုပ်ဆောင်၊ လူရွှင်တော်ကြီး ဦးမန်းဝင်း ရဲ့ နောက်ဆုံးခရီး

အငြိမ့်သဘင်တွေမှာသာမက ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေ မှာ နံဘေးကနေ ပံ့ပိုး ဆောင်ရွက်ပေးခဲ့တဲ့ ဟာသ သရုပ်ဆောင်၊ လူရွှင်တော်ကြီး ဦးမန်းဝင်းကတော့ ဒီကနေ့ နံနက်ပိုင်းမှာတင် ဘဝတစ်ပါး သို့ကူးပြောင်းကွယ်လွန်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ဦးမန်းဝင်းက သွေးတိုး၊ ဆီးချို၊ ကျောက်ကပ်စတဲ့ ရောဂါဝေဒနာတွေကို ခံစားနေရပြီး နောက်ဆုံး မှာတော့ သူ့ရဲ့ဝေဒနာတွေကို မတွန်းလှန်နိုင်တော့ပဲ လူ့လောကကြီးကို နှုတ်ဆက် သွားခဲ့ရရှာတာပဲ ဖြစ်ပါတယ်။

ဦးမန်းဝင်းက ပြည်သူချစ် အနုပညာရှင် တစ်ယောက် ဖြစ်တာကြောင့် ပရိသတ်တွေအားလုံး ကလည်း စိတ်မကောင်း ဝမ်းနည်းဖြစ်နေကြတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ ဇူလိုင်လ (၁၃) ရက်နေ့မှာ ကွယ်လွန်သွားတဲ့ ဦးမန်းဝင်းရဲ့ ရုပ်အလောင်းကို လာမယ့် ဇူလိုင်လ (၁၅) ရက်၊ ဗုဒ္ဓဟူးနေ့ နေ့လည် (၂) နာရီအချိန် မှာ ပို့ဆောင် သွားမယ်လို့ သိရပါတယ်။ ဦးမန်းဝင်း ရဲ့ နောက်ဆုံး ခရီးကတော့ သူ့ကိုချစ်ကြတဲ့သူတွေနဲ့ ပြည့်နှက်နေမယ်ဆိုတာ သေချာပါတယ်။

ဦးမန်းဝင်းကတော့ သူ့ရဲ့ အနုပညာသက်တမ်း တစ်လျှောက် ပရိသတ် အပေါ် အရိုးသားဆုံးနဲ့ အကောင်းဆုံး တာဝန်ကျေပွန်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကို ပျော်စေချင်တဲ့ လူရွှင်တော်ကြီး ဦးမန်းဝင်း ကောင်းရာဘုံဘဝမှာ အေးချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီး အားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Source: Man Win – Joker ‘s fb
Credit – Cele Connections

Zawgyi

အၿငိမ့္သဘင္ေတြမွာသာမက ႐ုပ္ရွင္နဲ႔ ဗီဒီယိုဇာတ္ကားေတြ မွာ နံေဘးကေန ပံ့ပိုး ေဆာင္႐ြက္ေပးခဲ့တဲ့ ဟာသ သ႐ုပ္ေဆာင္၊ လူ႐ႊင္ေတာ္ႀကီး ဦးမန္းဝင္းကေတာ့ ဒီကေန႔ နံနက္ပိုင္းမွာတင္ ဘဝတစ္ပါး သို႔ကူးေျပာင္းကြယ္လြန္သြားခဲ့ၿပီပဲ ျဖစ္ပါတယ္။ ဦးမန္းဝင္းက ေသြးတိုး၊ ဆီးခ်ိဳ၊ ေက်ာက္ကပ္စတဲ့ ေရာဂါေဝဒနာေတြကို ခံစားေနရၿပီး ေနာက္ဆုံး မွာေတာ့ သူ႔ရဲ႕ေဝဒနာေတြကို မတြန္းလွန္ႏိုင္ေတာ့ပဲ လူ႔ေလာကႀကီးကို ႏႈတ္ဆက္ သြားခဲ့ရရွာတာပဲ ျဖစ္ပါတယ္။

ဦးမန္းဝင္းက ျပည္သူခ်စ္ အႏုပညာရွင္ တစ္ေယာက္ ျဖစ္တာေၾကာင့္ ပရိသတ္ေတြအားလုံး ကလည္း စိတ္မေကာင္း ဝမ္းနည္းျဖစ္ေနၾကတာပဲ ျဖစ္ပါတယ္။ ဒီကေန႔ ဇူလိုင္လ (၁၃) ရက္ေန႔မွာ ကြယ္လြန္သြားတဲ့ ဦးမန္းဝင္းရဲ႕ ႐ုပ္အေလာင္းကို လာမယ့္ ဇူလိုင္လ (၁၅) ရက္၊ ဗုဒၶဟူးေန႔ ေန႔လည္ (၂) နာရီအခ်ိန္ မွာ ပို႔ေဆာင္ သြားမယ္လို႔ သိရပါတယ္။ ဦးမန္းဝင္း ရဲ႕ ေနာက္ဆုံး ခရီးကေတာ့ သူ႔ကိုခ်စ္ၾကတဲ့သူေတြနဲ႔ ျပည့္ႏွက္ေနမယ္ဆိုတာ ေသခ်ာပါတယ္။

ဦးမန္းဝင္းကေတာ့ သူ႔ရဲ႕ အႏုပညာသက္တမ္း တစ္ေလွ်ာက္ ပရိသတ္ အေပၚ အ႐ိုးသားဆုံးနဲ႔ အေကာင္းဆုံး တာဝန္ေက်ပြန္ခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ပရိသတ္ကို ေပ်ာ္ေစခ်င္တဲ့ လူ႐ႊင္ေတာ္ႀကီး ဦးမန္းဝင္း ေကာင္းရာဘုံဘဝမွာ ေအးခ်မ္းစြာ အနားယူႏိုင္ပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။ ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီး အားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္ေနာ္။

Source: Man Win – Joker ‘s fb
Credit – Cele Connections

Leave a Reply

Your email address will not be published. Required fields are marked *